Pages

☺☺ သစ္စာမဲ့သူ ဖောတ်ပြန်တတ်သူတို့ရဲ့ သွားရာလမ်းဟာ ဘယ်တော့မှ မအေးချမ်းဘူး...☺☺

Saturday, 4 May 2013

အမောင်ချစ်သောနိုင်ငံ


နားထောင်ကွဲ့......အမောင်မျိုးချစ်..
တစ်ယောက်အပြစ်တစ်ယောက်တင်...
တစ်ယောက်အသတ်တစ်ယောက်မငဲ့...
အသတ်တွေ..အသတ်တွေ...
စတေးတဲ့ဒီတောဒီတောင်
ဒီရေ ဒီမြေ မလှ..
ဒီသဘာဝတွေလည်း..
ယမ်းငွေ့တွေထဲ..
မွန်းကြပ်နေဆဲ....
ရာစုနှစ်တွေထဲနစ်မွန်းစေခဲ့တာလည်း..
ကြာခဲ့ပါပြီ..မောင်မျိုးချစ်..။
သေသူ သတ်သူ ...
သွေးရင်းတူတွေသတ်တဲ့ပွဲမှာ
ဘယ်သူ့ဘတ်ကလတ်ခုပ်လတ်ဝါး..
ငါတို့အားပေးရမှာလည်း...အမောင်မျိုးချစ်။
ဘယ်ဘက်ကသေသေ..
သေသူတိုင်းဟာ ငါသွေးသားတွေပါ...အမောင်မျိုးချစ်..။
တော်ကြပါတော့....
ရပ်စမ်းပါတော့...
တို့တွေသွေးစီး
ချောင်းကြီးလည်းဖြစ်ရော့ပြီ...အမောင်မျိုးချစ်။
ဝါဒအစွဲ ၊ ဂိုဏ်းခွဲအလံထူ..
သူတစ်မျိုးငါတမျိုးနဲ့...
ငါတို့အမျိုးတွေပဲ ဆုံးပါးရတယ်..မောင်မျိုးချစ်..။
ညီညွှတ်တရား မုဒိတာပွားလို့..
တစ်ယောက်လတ် တစ်ယောက်ဆွဲ....
တစ်ယောက်လဲမူတစ်ယောက်ထူ...
ညှာတာဖေးမမေတ္တာမျှလို့
တို့ရေတို့မြေ အလှတွေဝေကြ စေဦး မောင်မျိုးချစ်..။
ခေတ်အဆတ်ပျတ်ယွင်း...
စစ်ရဲ့ ဖိနပ်သံတွေပျောက်စမှာ..
မာန်မာနတွေခဏထားလို့...
တို့ရဲ့မြေပုံအလှတို့နိုင်ငံလေး...
.ငြိမ်းအေးပါစေဦး..
အေးချမ်းပါစေဦး....
နားယူမှေးစတ်ပါစေဦးလား...အမောင်မျိုးချစ်..။
တိုးတတ်ဖို့အတွတ်တို့လတ်တို့ အရာမဝင်ရင်နေပါစေ...
.တို့တွေ မဖျတ်စီးပဲ...
ပါးစပ်စည်းလေးခဏစောင့်ပါဦးလား အမောင်မျိုးချစ်..။
သေကြသတ်ကြအော်ကြငိုကြ..
ဒီဘဝတွေက လှနေလို့လား...
အမှန်တွတ် ၊ ဂုဏ်အတွတ်.....
အယူတွတ် ၊ ဝါဒအတွတ်....
လူမျိုးအစွဲတွတ် ၊ နိုင်ငံခွဲဖို့အအတွတ်
ဘာအတွတ် သေသေ ၊ဘာအတွတ် သတ်သတ်..
ဘယ်ဘတ်ကသေသေ
သေသူမိသားစုအရေး...
စာနာတွေးလို့နေပေးပါ...
အမုန်းတရားနဲ့အငြိုးတရား..
တိုးပွားခဲ့၇ုံကလွှဲလို့...
ဘာများကျေနပ်ပီတိ အမြတ်ရှိလို့လည်း...မောင်မျိုးချစ်..။
စေတီဆည်းလဲ့ ၊ ဘုရားဝတ်တတ်လို့..
အမေအိုတို့ဘဝ ငြိမ်းကြပါစေဦး...
ကျောင်းတတ်စာအံ ၊ မောင်မယ်အလှ
ပြည့်ဝကြပါစေဦး..။
စာအံပို့ချ ဓမ္မကထိကတို့....
ပွားများဘာဝနာစီးဖြန်းကြပါစေဦး..။
တောင်သူဦးကြီး ဘကြီးဦးတို့..
သံသာဟစ်ကြွေး ၊ သဘာဝတေးတို့နှင့်အတူ
ဆိုသီရိတ်လှီး ၊ကောက်ပဲသီးများ..
ဆန်ရေစပါး တိုးပွားကြပါစေဦး....။
အိုးမကွာ အိမ်မကွာ .....
မိသားစုသာသာယာယာ ရှိကြပါစေဦး
အမောင်မျိုးချစ်တို့...။
နင်ပဲတစ်ဆ ၊ငါပဲပြောရရင်ပြီး...
ကိုယ့်အချင်းကိုယ်ခွဲ...
ကိုယ့်သွေးကိုယ်သောက်...
ကိုယ့်နိုင်ငံကိုယ်ပျောက်မှာ မတွေးကြလေရော့လား...။
ချစ်စိတ်နိုင်ငံ ၊အပြည့်ခံရှိပါလျှတ်..
သွေးခွဲဝါဒ ၊မှိုင်းချလို့မမြင်တော့..
အမောင်တို့ချစ်သော နိုင်ငံ..
ငိုသံ ၊ယမ်းငွေ့ ၊ နားကျည်းဒေါသ၊
အပြေးအလွှား ၊ ငတ်မွတ်ခေါင်းပါး၊
အဂတိလိုက်စား ၊ကိုယ်ကျင့်တရားတို့သာပျတ်ယွင်းလို့တိုးပွားခဲ့..
လမ်းဘေးဇရပ် ၊ သူတောင်းစားတစ်ဝတ်ပြည့်နှက်လို့သာပိုခဲ့..
ဘုရားဘေး လမ်းဘေး ၊အဘိုးအဘွားနဲ့ကလေး ..တိုးပွားလို့သာလာခဲ့...
အမောင်တို့ ချစ်သောနိုင်ငံ..
ဒဏ်ရာဗရပွ ၊ ငိုသံဝလို့မော၍ဆို့နေပါပြီ..အမောင်မျိုးချစ်။
အမောင်တို့ကွဲလို့ ၊သူလည်းငိုရပြီ..
ဟိုက ကချင်...
သူက "ရခိုင်" ၊ ငါက "ချင်း"
သူက"ဗမာ" ၊ငါက "ရှမ်း"
သူ က"ကရင်" ၊ ငါ က"ကယား"
ထိုသူ "မွန်"မျိုး ၊ ဤအမျိုးမျိုးနဲ့..
ခွဲကြလေသမျှ ၊ဤမြေသို့သာရင်ထုမနာဖြစ်ကြပါသည်..။
တော်ကြပါလေ..အမောင်တို့ရေ..
အမှန်တွေရဲ့ ကြား ၊ သေသူအများသာ
တိုးပွားခဲ့ရတယ်..။
တို့တွေ ညီညာ ၊လတ်တွဲခိုင်လို့..
မကောင်းသူပြုသမျှ ၊ယွင်းခဲ့သမျှအခြေခြေ..
စူးစိုက်လို့ ပြုစုကြစို့ဦး...
တော်သူတတ်သူပညာရှိသူတို့..
ညီညာစုရုံ ၊မြန်ပြည်တစ်ခွင်လုံး..
အေးချမ်းသာယာရှိကြစေဖို့..
အားသွန်ခွန်စိုက် ၊လုံ့လစိုက်ကြပါဦး..။
မျိုးချစ်နိုင်ငံအပြည့်ရှိပါလျှတ်..
အမောင်တို့ ချစ်သော နိုင်ငံ..
အမောင်တို့ ချစ်သောနိုင်ငံ..
အမောင်တို့ချစ်သောနိုင်ငံ..
.ငြိမ်းအေးပါစေဦး..
အေးချမ်းပါစေဦး....
နားယူမှေးစတ်ပါစေဦး..
အမောဖြေပါစေဦး..
စေတီဆည်းလဲ့ ချိုမြသာယာတီးခတ်သံသာ
ရှိပါစေဦး...
အမောင်တို့ချစ်သော နိုင်ငံလေး..။




သူလို လူ..,ကျနော်ဒဿ

 
ဘိဘိသေနရေ..
မင်းသက်မှတ်တဲ့အကြမ်းဖတ်
ငါ့ရင်ခွင်ကို ခွဲကြည့်စမ်းပါ..
နှလုံးသားဟာ
နူးညံ့လွန်းလို့ မင်းလက်ထဲတောင်
အရည်ပျော်ကျလောက်ရဲ့...။

အချစ်ကြောင့် ငါ
ရာမကို သတ်ချင်တဲ့ ရာဝဏဆိုတဲ့
ငါ..
မှား သလား...
အချစ်ကြောင့် ငါ့ကိုသတ်ချင်တဲ့ရာမ
သူလည်း မမှားဘူး..။

ငါဟာ လက္ခဏ လို
မပေးဆပ်နိုင်ဘူး...
လောကဆုထူး
အောင်နိုင်ဆုံးသူဖြစ်ပေမယ့်

အချစ်ရှိတော့လည်း...
အသက်ကိုပေးရဲတယ်..ဘိဘိသေနရဲ့။

ငါမှားလို့လား ဘိဘိသေန

ဝေးကွာခြင်းကြောင့်လဲ ပူလောင်တယ်...
ပိုင်ဆိုင်လိုစိတ်ကြောင့်လည်း ပူလောင်တယ်..
ငါဟာ..ချစ်ခြင်းတရားကို
ပွေ့ပိုက်ပြီး...
ချစ်ခြင်းတရားရဲ့အမုန်းမီးလျှံ
ထဲ
ရဲရဲကြီးခုန်ဆင်းမယ်...ဘိဘိသေန.
.။

ဘယ်လို..ဘယ်လို..

တဖတ်သက်..ဟုတ်လား..
သိမ်ငယ်မူ့..ဟုတ်လား...
အိုး..ငါ့နှလုံးသားဟာ
သိမ်ငယ်မူ့လို့မယူဆမိဘူး..
ဒါဟာ
ချစ်ခြင်းတရားရဲ့စစ်မှန်ခြင်း
မွန်မြတ်မူ့...
သင်ပြောစမ်း...ဘိဘိသေန
ချစ်သူရဲ့အမုန်းကို
ကြည်ကြည်ဖြူဖြူလက်ခံယူပြီး
ချစ်ခွင့်ရနေတဲ့ငါ့နှလုံးသား..
သင့် လက်စွဲသန်လျက်နဲ့
ခွဲလိုက်စမ်း..
ငါ့နှလုံးသွေးတွေက အဖြူရောင်တွေပဲ
စီးဆင်းနေလိမ့်မယ်..။

ဘိဘိသေန..
သင်ဟာ.ကြယ်တာယာနက္ခ.
ဂြိုလ်စီးဂြိုလ်နင်းတို့ရဲ့..
အသွားလမ်းအပြန်လမ်း
လည်ပတ်ရာလမ်းကြောင်း..သင်သိလိမ်
့မယ်.
.သင်ဟာ.ဒဿနပေါင်း
မြောက်များစွာ တွေးခေါ်ဖန်တီးနိုင်ပေလိမ့်မယ့်.
.
ချစ်ခြင်းတရားရဲ့အနှစ်သာရတခုကို
ရာဝဏဆိုတဲ့ကောင်ရဲ့
ခြေမူန်တဆံမျှ..သင်မသိဘူးဆိုတာ.
.
ရာဇဝင်ဟောင်းကို သင်ပြန်ကြည့်စမ်းပါ..
သင်ရဲ့ နှလုံးသွေးတွေက
ရာဝဏလောက် ရဲရဲနီသလားလို့...။

ဟုတ်တယ်...ဘိဘိသေန..
ရာမဟာ..သူမ,အတွက်အသင့်တော်ဆုံး
လူသား..
ဒါပေမယ့်....
သူမဟာ ငါ့နှလုံးအိမ်ရဲ့အသင့်တော်ဆုံး လူသား...
ဒ်ါကြောင့်..
ရှူံးနိမ့်မယ့် စစ်တလင်းပေါ်က
လေးမြှားအဖျားမှာ..
ငါ့နှလုံးသားကို  ချိတ်ဆွဲထားဖို့
ဆုံးဖြတ်တယ်..
သူမရဲ့အသိမှတ်ပြုခြင်းတစ်ခုရဖို

ငါသေပေးရလိမ့်မယ်..ဘိဘိသေန..။

ဒြာဝိဒိယန်တို့ရဲ့ အရှင်သခင်ဟာ..
ရာဇဝင်မှာ စံတင်ရလောက်တဲ့နှလုံးသား
၊ချစ်ခြင်းတို့ဖြင့်ထုံမွှန်းအပ်
သောနှလုံးသားပိုင်ရှင်ဆိုတာ
ဒြာဝိဒိယန်တွေ တလေးတညွှတ်
ငါ့ကို ဂုဏ်ပြုကြလိမ့်မယ်..ဘိဘိသေန..
အိုလေ..ဒြာဝိဒိယန်တွေတင်မဟုတ်ဘူ
း..
အာရိယန်တွေအပါဝင်
ငါရာဇဝင်ကို လှန်ကြည့်မိသူတိုင်း
ဟောဒီ..ဘယ်ဘက်ရင်အုံမှာ
တဖတ်သက်တဒိတ်ဒိတ်ခုန်နေတဲ့
ချစ်ခြင်းမေတ္တာတွေး စူးစူးရဲရဲ
နစ်ဝင်နေတဲ့ နှလုံးသားကိုတလေးတညွှတ်
ငါ့ကို ဂုဏ်ပြုကြလိမ့်မယ်.
ခုချိန်မှာတော့..
သိမ်ဖျင်းနုံ့ညံ့တဲ့နှလုံးသား နဲ့ ရာဝဏပေါ့လေဟုတ်လား..။
ကဲ..ဘိဘိသေန..
တဖက်သက်ချစ်ခြင်းတွက်.
ဟောဟိုက..စစ်တလင်းဆီ
ငါ့ကို ခွင့်ပြု..။


ဟုတ်ကဲ့၊ ၊ ရေးသာရေးသွားတယ်ကိုယ်ရေးတာ ဘာမှန်းကိုမသိရပါဘူးခင်ဗျာ..။

Friday, 28 December 2012

မိဘဟူသည်....



နေကပူသည်။
 နေရောင်က နွေကိုနောက်ဆုံးနူတ်ဆတ်မထွက်ခွာခင်အရှိန်ပြင်းပြင်းနဲ့ပူပြင်းလျက်ရှိ နေပေသည်။  
ရိုးတလျောက်ကျူရုံတောသည်လည်း ခြောက်သွေ့ရော်ဝါနေပြီ။ဘုတ်ကြီးငှက်၊ချိုးငှက်နှင့်ငှက်ခါးတို့၏
တွန်ကျူးသံတို့သည်ရံဖန်ရံခါလွင့်ပျံ့လာတတ်သည်။ရိုးတလျောက်မိုးစပါးအတွက်ထွန်ယက်သမန်းကြမ်းထားသော
ညို့ညို့မောင်းမောင်းယာလယ်ထဲ၌  ငွေဗျိုင်းဖြူလေးများဆင်းသက်ဝမ်းစာရှာနေကြလေရဲ့။ဆည်မြောင်းရေလေး
မှန်နေ၍ကိုမောင်သန်းတစ်ယောက်လယ်ခင်းရှင်တွေကိုယ်စားဝမ်းသာမိသည်။ရိုးစပ်လယ်ခင်းဖြစ်၍နုံးမြေတင်
ကျန်လို့သီးနှံစိုက်ပျိုးဖို့ ကောင်းလှသည်ဆိုသော်လည်းလယ်ထွန်ယက်သမားနှင့်နွားများမှာပင်ပန်းလွန်းလှသည်။
ရိုးစပ်ဖြစ်၍ပို၍ကျွံသည်၊ဒီထဲ၌အရင်သီးနှံ၏ရိုးပြတ်ငုတ်စများရှိရင်ပိုဆိုးသေး။သမန်းကိုကြေညပ်စေဖို့အနည်းဆုံးထွန်
အသွားခြောက်သွားပါထွန်တုံးနှင့်  ခြေက်စပ်လောက်ထွန်ယက်ရသည်။တချိန်ကဒီယာလယ်ခင်းတွေကိုမောင်သန်းပိုင်သည့်လယ်မြေတွေဖြစ်သည်။
        သားသမီးတွေငါးယောက်ရဲ့ပညာရေးအတွက်နဲ့ လယ်ယာတွေရောင်းတာရောင်းပေါင်တာပေါင်နှင့်
ကုန်သလောက်ရှိတော့သည်။ကုန်ပိုင်းမြေလေးတကွက်သာကျန်ရှိတော့ပေသည်။ဒါတောင်ကုန်းပိုင်း
စိုက်ပျိုးလို့မကောင်း၍သာလိုချင်သူမရှိကျန်ရှိနေခြင်းသာဖြစ်ပေသည်။“သဗ္ဗေသတ္တာကမ္မသကာ” ဆိုသလိုကံတရားပေပဲပေါ့.လို့ဖြေသိမ့်တွေးရသည်။တကယ်ဆိုအညာဒေသ ကိုမောင်သန်းတို့ရပ်ကျေး
ရွှာဓလေ့တွင်လေးတန်းအောင်ငါးတန်းအောင်နှင့်တော်ရုံစေပြီးဆယ်တန်းအောင်ဆိုတာ ခပ်ရှားရှားမရှိ
သလောက်ပင်။ခုကျမှသူ့သားသမီးတွေဆယ်တန်းအောင်ပြီးတက္ကသိုလ်တွေတောင်တတ်နေကြပြီ။မည်သူတွေဘာ
တွေဘယ်လိုပြောပြောကျေနပ်စွာနှင့်ပင်ထားခဲ့သည်။တစ်ချို့တွေပြောကြသည်“မင်းတို့မှာလည်းကိုယ်အခြနေလေးလည်း
ပြန်ကြည့်ဦး၊ပြန်ထိန်းဦး..”ဟုဆိုသူကဆို၊“အလကားပါတော်..ငွေကုန်တာအဖတ်တင်တာပဲလိမ္မာမယ့်ကလေးတွေလည်းမဟုတ်ပါဘူး
၊တော်ရုံရေးတတ်ဖတ်တတ်လောက်ဆိုတော်ရောပေါ့”ဂရုဏာဒေါသောနဲ့ဆိုဆို၊ကဲ့ရဲ့လိုခြင်းကြောင့်ဆိုဆိုကိုမောင်သန်းတို့လင်မယား
မကြားသလိုနားပိတ်ပြီး ပြုံးပြုံးလေးနဲ့ ခေါင်းငုံနေခဲ့သည်။
             တွေးနေလို့လည်းမပြီးသေး။ဝမ်းရေးအတွက်လည်းရသမျှရုန်ကန်းရပေဦးမည်။နေပူလို့ ထနောင်း
ပင်အရိပ်ခိုနားရသည်။ခိုနားရသည်ဆိုလိုက်ရ၍ကိုယ့်ကိုယ်ကိုပင်မလုံမလဲဖြစ်သလိုပင်ခံစားလိုက်ရသေးသည်။
ဘာကြောင့်လည်းဆိုတော့ သူသည် ဤထနောင်းပင်အရိပ်ကိုခို၍ ဤထနောင်းခေါက်ကိုလှီးဖြတ်ခွာရမည်မို့
ပင်။ အရိပ်နေ၍ အခက်ချိုးရုံတင်မဟုတ်တော့ ပည်စည်အခေါတ်ပင်ခွာယူရနေသည်မဟုတ်ပါလား။ထိုအ
ခေါက်သည်လည်း သေရည်အရက်ချတ်ရာတွင်ထည့်သွင်းအသုံးပြုလိုခြင်းကြောင့်လည်းဖြစ်သည်။ ခုတော့
ကျင့်သားမရှိတဲ့နှာဖျားမှာ အရက်နံတွေရှူရှိုတ်နေရပြီ..။မနက်မိုးလင်းတာနှင့် မြေသားအိုးများစီစီရီရီချလျက်
ရေဖြည့်ထည့် ၊ပြီးလျင် ထန်းလျက်တပိဿာထည့် ၊ထနောင်းခေါက်ထည့် ပိုကောင်းလိုလျင်ထန်းရေချိုးလေး
ထည့်စိမ်ထား ၊တစ်နေချက်လောက်ဆို စိမ်ရေအိုးများ အမြှပ်တစီစီနှင့် သေရည်အရက်ချတ်ရန်အဆင့်သင့်
ရှိပေသည်။မနက်ရောက်တာနဲ့ အရက်ချက်တဲထဲဝင် မီးထိုးရေလဲ တကိုယ်လုံး စိမ်ရည်နံ့အရက်နံ့စွဲလို့နေ
တတ်သည်။ ကိုယ့်ကိုယ်ကို လောကပါလတရားနဲ့သွေဖီလျက်ရှိနေပြီဆိုတာ သိသိနှင့်ပင် ။
                 သားသမီးတွေအတွက်လိုရာပန်းတိုင်မရောက်သေးတော့လည်း ရုန်းကန်ရတာပေါ့။တခါတလေ သားသမီးတွေရဲ့ရှတ်ရွှံ့နေသော မျက်နှာလေးတွေမြင်တိုင်းလည်း ရင်မောရသည်။ ရှိသမျှရသမျှတွေလည်း
လုံးပါးပါးလို့နေတော့ ဘေးအသိုင်းအဝိုင်းက ငွေစအတိုးလေးတွေဆွဲယူလည့်ပတ်ချေးငှားရပြန်သည်။ငွေမရှိ
တော့ ကတိမတည် ဆိုသလို တည်မြဲခဲ့တဲ့ကတိတွေလည်းအခါခါကျိုးလို့တဖြည်းဖြည်းလက်ခတ်ရပြန်သည်။
ဒါကြောင့်မလုပ်ချင်တဲ့အလုပ်ကိုလုပ်၊မရချင်တဲ့ဘဝကို ခေါင်းမောငြင်းဆန်ခွင့်မသာ ဘုရားမကြိုတ်၊တရားနဲ့
မကိုက်၊သံဃာနဲ့မအပ်စက်တဲ့ အလုပ်ကို အသက်မွှေးလို့ ဝမ်းကြောင်းခဲ့ရတော့သည်။ သားသမီးတွေရဲ့ရှတ်
သွေးဖြာသော အကြည့်တို့ကို ရင်နင့်နင့်နှင့်ပင် ခေါင်းငုံ့မျက်နှာလွှဲထားရသည်။ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာ
ဆိုတာ စာပေ နားဝလို့ကျင့်သားရပေမယ့်လည်း စိတ်နှလုံးအသိရှိဖို့တောခဲယဉ်းသားပေမို့ အပြစ်လည်း မဆိုသာ၊မဆိုချင်။မောတယ်ပန်းတယ်လို့လည်း သဘောမထားမိ။မောသမျှပန်းသမျှ သားသမီးမျက်နှာတွေ့
ရတော့ သီတာရေလို ရင်ကိုအေးမြစေတာပဲ။
         ဘာလိုလိုနဲ့လကုန်ရက်တောင်နီးလာပေါ့လား...။သက်ပြင်းကို ငွေ့ငွေ့ရှိုတ်လိုက်ရသည်။တဲအမိုးထန်း
ရွှက်ကြားထိုးထားသောအိတ်နွမ်းလေးထဲမှ ငွေစလေးတွေရေတွက်ကြည့်သည်။လေးသောင်းမပြည့်သေးပေ။
တစ်လကိုတစ်ယောက်နှစ်သောင်းစီလောက် ကျောင်းစရိတ်ပေးရသည်။ဒီလေးသောင်းလောက်ငွေစလေးကို
ပင် သူတို့လင်းမယား ရသမျှတမူးတပဲကအစ ခြစ်ခြုတ်စုရသည်။ အငယ်သုံးယောက်ကတော့ ဆယ်တန်းမ
ကျော်သေး၍ စရိတ်စကသိပ်မကြီးသေး၊လေးငါးထောင်လောက်နှင့်ပင်လောက်ငှသည်။စားသောက်ဖို့က
တော့ ဖြစ်သလိုကြုံသလိုပင် တောထဲယာထဲဆင်းခူးချက်စားလိုက်ရုံ။တစ်ခါတလေအသားငါးလေးချက်ကျွေး
ချင်တော့လည်း တပတ်အကြွေးနှင့်ခေါင်းရွှက်ဈေးသည်ဆီက ယူရသည်။တခါချက်လည်းအကုန်မဟုတ်ပေ။
ကျောင်းအဆောင်မှာစားဖို့သောက်ဖို့ပို့ပြီးပိုတာလေးကိုခရမ်းချဉ်သီးနှင့်တမျိုးအာလူးနှင့်တမျိုးရော၍စားရတာ
များသည်။ဘယ်လိုပဲ ဖြစ်ဖြစ်လေ...သားသမီးတွေကလိမ္မာတယ်ပြောရမှာပဲ.ပေးသမျှလောက်နဲ့ကျေနပ်ရောင့်
ရဲနူတ်ဆိတ်နေတတ် ကြတယ် ။ သို့အတွက် ကျေနပ်ရသည် ၊ဖြေသိမ့်ရသည် ဆိုရပေမှာပေါ့။ ကိုယ့်အတွက်
တော့ဘယ်လိုပင်စားရစားရ ကိစ္စမရှိ။ အသားမာ လက်ဖြစ်လို့ကျောလည်းပြောင်ခဲ့ပြီပဲလေ။
         “ယောက်ျား...တော့်မှာလည်း ဘာတွေများစဉ်းစားနေသတုန်း..လကုန်ရက်လည်းနီးပြီ..နည်းနည်းပါး
ပါးလေးရှာဦးဖွေဦးတော့ရေ...ကလေးတွေလက်ဖြန့်လို့ ငွေစလေးများမထည့်နိုင်ရင်ကျမတော့ကိုယ့်ကိုယ်ကို
ရှတ်လွန်းလို့တော်..” ထုံးစံအတိုင်းမိန်းမဖြစ်သူမယ်ကြည်တယောက်နူတ်ကမနား ဗြစ်တောက်တောက်နှင့်
သေရည်ချတ်တဲထဲဝင်လာပါတော့သည်။ လက်မှလည်းမနား တတောင်ဆစ်ခန့်ဝါးမီးပြောင်းကိုင်၍ တောက်
လောင်အားကျစပြုနေသာမီးဖိုကို ထိုင်မှုတ်နေတော့သည်။မီးစတို့သည် ချတ်ချင်းတောက်မလာသေးပဲအခိုး
ငွေ့တွေ အု၍ တဲထန်းလက်ရွှက်ကြားမှ တိုးထွတ်နေတော့သည်။
 “မယ်ကြည်ရယ်၊မီးခိုးတွေအူနေပြီဟ.ထင်းချောင်းတွေ ထပ်ကျမနေစေနဲ့ နဲနဲစီချဲထားလိုက်..ငါ့ချက်ရက်တွေတော့ မီးခိုးနံ့နံ့တော့မှာပဲ..”
          “သိပါတယ်တော်...မီးခိုးပဲထွတ်မှာပေါ့တော့..ထင်းတွေကမှမခြောက်သေးတာ..ကိုယ့်ဟာကိုယ်သာ
စိတ်တိုင်းကျလုပ်တော့..ကျမ ရွှာထဲခဏဝင်လိုက်ဦးမယ်..ရှေ့ဥပုဒ်နေ့ဆို အကြီးကောင်ပြန်လာတော့မယ်..”
 တဲတွင်းမှ ထွတ်ခွာသွားသူ ဇနီးမယား၏ ကျောပြင်ငေးမောမိလိုက်သည်။ အရင်လို လှပပျိုမြစ်ခြင်းတွေ မရှိ
တော့ ၊ပြည့်ဖြိုးလှပကျော့ရှင်းသောကိုယ်ကာယသည်သူနဲ့အတူလက်တွဲရင်ဆိုင်လောကဓံအလည့်အပြောင်း
အထုအထောင်းတွေကြားမှာ တလွှာခြင်းတစခြင်း ဇရာထောင်းလို့ပင်ခါးကိုင်းစပြုနေပြီ။ 
      “အော်..သစ္စာရှိပေစွ၊သားသမီးငါးယောက်ရသည့်အထိ ကောင်းစားစဉ်အတူစံ၊ဒုက္ခတွေအတူတူလှန် နှစ်တွေ
တောင်ကြာပြီပဲ။”တွေးမိသည်။အခုလည်းကြည့်...၊ရွှာထဲခဏဆိုသည့်အဓိပ္ပာယ်ကိုသူမှလွှဲ၍မည်သူမှမသိ။
 ငွေစလေးရှာကြံ၊မည်သူ့ဆီများမျတ်နှာချ ချေးငှားရဦးမလည်းမသိပေ။တချိန်ကရှိသောမာန၊တချိန်ကပျူငှာ
ပေးကမ်းသောလက်၊ခေါင်းမော့လို့မာန်မဝင့်တိုင်ကိုယ့်ဂုဏ်သိက္ခာနဲ့ကိုနေခဲ့သည့်ချစ်ဇနီးတယောက်အခုတော့
 လည်းမလောက်မငှမပြည့်စုံဘဝရောက်တော့သားသမီးအရေးနဲ့ပင် နှိမ့်ချမျတ်နှာပေးနဲ့မချေးငှားချင်လည်း
ချေးငှား၊ ခေါင်းမငုံ့ချင်လည်း မျက်လွှာလေးချလို့ သားသမီးပညာရေးတွက် ဆုံးခန်းတိုင်ဖို့သာ ခေါင်းထဲဦး
နှောက်ထဲသာတွေးနေရှိရှာနေမိသည့်ဇနီး။သားတွေသမီးတွေအတွက် ဘယ်လောက်ပဲရှာရရှာရ ၊ဘယ်
လောက်ပဲ ရရမရောင့်ရဲမတင်းတိမ်နိုင်သည့် စေတနာလောဘဇောနဲ့ မောဟတွေတသီကြီးဖုံးနေပါရော
လား။သားတွေသမီးတွေအတွက် ဘယ်သောအခါမှ စိတ်တိုင်းကျပြီးပြည့်စုံတယ်လို့လည်းမမြင် ၊အမြဲတမ်း
နူတ်က ဗြစ်တောက်ဗြစ်တောက် နားပူအောင်ဆူတော့သည်။ ဒါကိုသားသမီးများမခံသာနူတ်လှမ်ထိုးတော့
မိမိကကြားဝင်ဟန့်ရသည်။ မိဘမေတ္တာရောင်ပြန်စူးမိမည်စိုး၍ဟန့်ခြင်းကိုပင် နာမခံသာချင်သလို ပေတေ
နေတတ်ကြသည်။အပြစ်မဆိုမိ....။မိမိအပြစ်တင်လျှင်သူအပြစ်သင့်မည်စိုး၍သာဖြစ်သည်။ မာတာပိတု ဥပဋ္ဌာနံ၊ပုတ္တဒါရဿသင်္ဂဟော.တရားနဲ့အညီလောကမှာအားလုံး သားသမီးမုန်းတယ်လို့ထုံးမရှိဘူးတဲ့၊သား
ဆိုးသမီးပစ်ရိုးထုံးစံမရှိလေသည်ပဲကိုး..။မိမိတို့မောင်နှံမှာ သံသရာအရေးလည်းမတွေးမိ၊နိဗ္ဗာန်ရေးလည်းမ
မျှော်မိ ၊အရင်လိုအလှူကြီးအတန်းကြီးလည်းမပြုနိုင်တာလည်းကြာပြီ။ တွေးရင်းပင်ရင်လေးရတော့သည်။
တပတ်သီတင်းဥပုဒ်လေးမှ မမှန်ချင်တော့။တနေ့ဆွမ်းလေးသာအမှီလှူတန်းပြီး ကုသိုလ်ယူရသည်။ရွှာဦးဆ
ရာတော်ကျောင်းက အသံချဲ့စက်က သီလပေးသံနားစွင့်ပြီး ဥပုဒ်သီတင်းစောင့်ရတော့သည်။
   “အမ်း..မိဘတွေများသမုဒယနွယ်ပင်သံယောဇဉ်ကိလေသာ ကြီးပေစွ....”.တွေးနေလို့လည်းပြီးသေး
ပါဘူးလေ...နေညိုချိန်မှီသေရည်လေးအမြန်ချက်မှတော်ရော်ကာကျပေမည်။
................................................................................................................................  ...................
               ရာသီခွင်တွေတပတ်ပြီးတပတ် လွန်လို့အချိန်တွေတောင်လွန်ပါပေါ့လား...။အတောင်စုံတော့
အပျံသင်ပြီပေါ့လေ။သားတွေသမီးတွေငယ်စဉ်အခါလို့အိမ်မှာဆူညံစွာမရှိကြတော့။တိတ်ဆိတ်လို့ပင်ခြောက်
သွေ့ရော့ပြီ။မိမိတို့သည်လည်း ခန္ဒာကိုင်းလို့ပင်အရိုးဖြိုင်းဖြိုင်းခါးကိုင်းစပင်ပြုလေပြီ။ပညာလည်းစုံလို့တချို့
သားသမီးတွေကြင်ယာတောင်စုံလင်ကြပြီ။ရပ်ဝေးမြေခြားအိမ်ထောင်ရပ်သားကျတဲ့သားကြီးရဲ့မင်္ဂလာပွဲ
တောင်မိမိတို့မတတ်လိုက်ရမမြင်လိုက်ရ။သူတို့ပို့လိုက်သည့်ဓာတ်ပုံလေးကိုပဲမြင်တွေ့ခွင့်ရသည်သာ။         ရုန်းရင်းကန်ရင်းပင်အချိန်တွေကုန်တာမြန်လွန်ပေစွဟုတွေးမိသည်။အစွမ်းကုန်ဖူးပွင့်၊အစွမ်းကုန်စိမ်းစို၊အစွမ်း
ကုန်ခတ်လက်ဝေဆာခဲ့သောသစ်ပင်ကြီးဟာခုတော့အရိုးဖြိုင်ဖြိုင်နှင့်ညှာတံမခိုင်သောပန်းလိုကြွေဖို့အသင့်၊ဇရာ
ရဲ့သဘောနဲ့အနိစ္စကိုရှူနေရတော့သည်။တနယ်တကျေးပညာသင်သူကသင်၊ရပ်ဝေးမြေခြား အလုပ်သွားသူ
ကသွားနှင့် အိမ်အိုတဲပုတ်မှာ အမေအိုနဲ့အဖေအိုသာကျန်တော့သည်။မိမိတို့သည်လည်း  ဘကြီးအရွှယ်၊
အဖေကြီးရွှယ်ရောက်ခဲ့ပြီ။ ကုန်းပိုင်းမြေလေးမှာ ရသမျှသီးနှံလေးစိုက်ပြီးအသက်မွေးရသည်။ခုမှပင်တရား
ဖက်လို့အသက်ရှင်နေရသည်။
   သက်ကြီးခေါင်းချချိန်ရောက်လို့ညည့်ပင်အတော်နတ်ပြီ။အခုထိမိမိမှာ အိပ်မပျော်နိုင် ။ သန်စဉ်မြန်စဉ်ရုန်း
ကန်ခဲ့သမျှအတိုးချလို့မနားနိုင်သေးပေ။သားတွေသမီးတွေ အဝေးတနေရာမှာ အဆင်မှပြေပါစ၊နေရေးထိုင်
ရေးမည်သို့ရှိစ တွေးရမောရပြန်သည်။အမ်းလေ..မိမိတို့အိမ်စုတ်လေးထက်နေရေးထိုင်ရေးတော့သာပေကြ
လိမ့်မည်ပေါ့လို့ပဲ ဖြေသိမ့်တွေးလိုက်ရသည်။သူတို့လေးတွေကြင်ယာတွေက နွေးနွေးထွေးထွေးရှိပါစ၊စား
ကောင်းသောက်ဖွယ်ရာမညည်းမငြူပြုစုကျွေးမွေးနိုင်ကြပါမည်လားဟု ဒါတော့တွေးရသည်။မိလိုဖလိုရှာဖွေ
ကျွေးမွေးနိုင်ပါ့မည်လား..အို..စုံလို့စုံလို့ပင်တွေးရသည်။
                  ထရံပေါတ်ကြားထဲကထိုးထွက်လာတဲ့လရောက်သည် မှောင်မိုက်နေသောအိမ်ကျဉ်းလေးထဲ၌
လင်းဖြာကျနေသည်။မိမိဇနီးအိုကိုခြုံစောင်လေးလွှားပေးလိုက်ပြန်တယ်။“ ဟဲ့..သားကြီး..မင်းညီမလေးအဖို့
ချန်ထားဦး...စားစား...”ရုတ်တရက် ဇနီးအိုနူတ်ကအသံကြောင့်မိမိမှာ လန့်ဖျတ်သွားရသည်။“အော်..ဒုက္ခ..
ကိုယ်ကသာထိုင်တွေးနေလို့ ဒီအမယ်အိုကြီးအိပ်နိုင်ရန်ကောဟုတွေးနေတာ၊တကယ်တမ်းကျသူခမျာ့ အိမ်
မက်ထဲတောင် သားသမီးတွေနဲ့ဗျစ်တောက်ဗျစ်တောက်လုပ်နေသေးတာကိုး..”ဟုသိရ၍ မိမိမှာစိတ်ပင်မ
ကောင်းနိုင်တော့ပေ။ မိခင်မေတ္တာများတယ်လည်းကြီးပေစွ။အဝေးရောက်နေတဲ့သားတွေသမီးတွေသိနိုင်
ပါစလေ။တခေါတ်တခါလောက်ပင်ရောက်မလာနိုင်တဲ့သားသမီးတွေများမိဘတွေမည်သို့ရှိနေလိမ့်မည်လည်း
တွေးမိရန်အကောင်းသားလေ။

     တစ်စစနှင့်အာရုံတွေဝေဝါး၍ မိမိကိုယ်ပင်အိပ်မောကျသွားသည်ပင်မသိလိုက်ပေ။လင်းကြက်တွန်လို့ပင်
ဟိုဘက်ရွှာကလယ်စောင့်ကြီးဦးသာဗျော၏တုံးမောင်ခတ်သံကြားမှနိုးလာသည်။အိပ်မူန်စုတ်ဖွာဖြင့်ပင်
မယ်အိုကြီးကိုနိုးမည့်ဟန်အပြင် အိပ်ရာထဲ၌မရှိတော့။အာရုဏ်ဆွမ်းတွက်ချတ်ပြုတ်နေသည့်အိုးသံခွက်သံနှင့်
အသံများကြားနေရသည်။`“ ဟဲ့..မယ်ပြုံး..နင့်မလည်းမမြင်မစမ်းနဲ့..မီးခွက်လေးဘာလေးထွန်းမှပေါ့..”
`“မြင်ပါတယ်တော့..တော့်မှာလည်း..ကိုယ့်ဟာကိုယ်ပူစမ်းပါ..၊ဟောဟိုနားမှာ ကျူပ်ဆားလေးနဲ့အိုးမဲခဲ
ညက်လေးချထားတယ်၊မျက်နှားလေးသစ်ပြီး ဘုရားပန်းရေလေးလဲဆီမီးလေးကပ်ဖို့လုပ်ဦး...”
ဆတ်ပြောနေရင် ဗျစ်တောက်ဗျစ်တောက်နဲ့ပြီးမယ်မဟုတ်တော့တာနဲ့ပင်မျတ်နှာသစ်လိုက်ပြီးဖျင်းကြမ်း
တဘက်နဲ့သုတ်စင်လိုက်သည်။တံမြတ်စီးကိုယူပြီးအိမ်ရှေ့တလင်းကိုအမှိုတ်လှဲရင်းသုံးဆယ့်တစ်ဘုံဝေနေ
ယျသတ္တဝါအမျှရကြစေ့ငှာ မေတ္တာပို့သနေမိအခိုက် အိမ်ထဲမှာ ကြေးစည်သံလေးကြားမိတော့ အမယ်အိုကြီး
ဘုရားရှိခိုးနေပြီကိုသိလိုက်ရသည်။ အမယ်အိုကြီး၏ဘုရားစာရွှတ်သံကိုမိမိပါအာရုံစိုက်၍နာနေမိသည်။

“အစိန္တေယျ..အစိန္တေယျ...............

..................................

သုံးဆယ့်တစ်ဘုံကျင်ကုန်သောဝေနေယျသတ္တဝါအပေါင်း ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ.ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ..

ဘုရားတပည့်တော်မ၏သားသမီးအပေါင်းဘေးရန်ကင်းကွာလို့ကောင်းကျိုးလိုရာ ပြည့်ဝကြပါစေ.

 ..................

သြော်..ဆုတောင်းပတ္ထာမပြီးနိုင်တော့ပေ။မနတ်မိုးလင်းတာနှင့်နိစ္စဓူဝပြုနေကျအသံဖြစ်ပေမယ့်

ယောက်ျားသားဖြစ်သူမိမိပင်မရိုးနိုင်မအီနိုင်သားတွေသမီးတွေကိုမှန်းဆလို့လွမ်းရ၊မေတ္တာပို့ရနေ

သည်။ဒါဟာမိမိတို့လင်မယားနှစ်ယောက်ရဲ့နေ့စဉ်ဝတ်တစ်ခုဖြစ်လို့နေပါတော့သည်။  

 

  

      
          

Wednesday, 19 December 2012

တိတ်ဆိတ်သံ

သူမက..စူးမြတဲ့.
.မြှားတစ်စင်းဆို.
.ငါကငါနှလုံးသားထဲထိအဆုံး..
ငါကိုယ်တိုင်ထိုးစိုက်ထားတယ်....။

သူမကဖူးငုံစပန်းလေးတပွင့်ဆို..
ပွင့်အာလှပဖို့ငါ့သွေးကိုလောင်းလို့..
ရှင်သန်စေမယ်..။

အကယ်၍..
ငါငိုကြွေးနေရမယ်ဆိုရင်တောင်..
ဘယ်ရင်ခွင်မှ..
ငါမခိုဘူး..
ဘယ်သူ့ဆီမှ..
ငါရင်မဖွင့်ဘူး..
ငါ့နှလုံးသားကို
သိုသိုသိတ်သိတ်နဲ့ပဲ...
သိမ်းဆည်းထားမယ်..။

ငါမျတ်ရည်ကို သူမ
မမြင်စေချင်လို့..
ညညရောက်တိုင်း
အမှောင်အားကိုးနဲ့
အခန်းငယ်မှာ ...
ငါမျတ်ရည်တို့နဲ့ လင်းဖျာစေမယ်..။

Thursday, 13 December 2012

လွတ်လပ်မူ့
















ငါ..တိတ်ဆိတ်နေတာဆိုတာ..
ရင်တွင်းဝုန်းဆန်
ပင်လယ်လို ညံနေတာပါ...

ငါပြုံးနေတယ်ဆိုတာ...
လေဝှေ့လို့ကြွေခ..
ပန်းတွေရဲ့ အလှလို ငိုကြွေးနေတာပါ...

ငါ မပြောချင်ဘူးဆိုတာ
စကားလုံးများကိုစီရီချ..
ငါ့ရဲ့အဘိဓာန်ထဲက
အသိတရားတွေ ပြည့်နေလို့ပါ...

အသိတရား...
ဆင်ခြင်မူ့တရား...
လေးနတ်ခြင်း...
မြတ်နိုးခြင်း....
ချစ်ခြင်းမေတ္တာ...
.......................
.......................
.......................
........................

လမ်းပေါ်က ဂျစ်ပစီလေးတယောက်...
ငါရေးတဲ့ကဗျာကို
မဖတ်ဘူး...။
လေကိုချွန်ပြီး..
ဖုန်ဖက်တောင်မခါဘူး....
ထွက်သွားတယ်....။

..........................
..........................
.........................
အဲဒီဂျစ်ပစီကောင်လေး
ပျောက်ကွယ်တဲ့အထိ
ငါငေးနေခဲ့တယ်...
ငါ့လက်ထဲက
ကဗျာတပုဒ်က
လေးလံလာတော့တယ်......။

Sunday, 2 December 2012

အကယ်၍..မင်းများသိရင်

အခြားသူတွေက မင်းကိုဂရုစိုက်တာမြင်ရင်
ငါကျေနပ်ပါတယ်..
ဒါပေမယ့်..ငါမပျော်ဘူး..။
ငါကိုယ်တိုင် မင်းကိုပြုစုချင်တာ...။
တခြားသူတွေနဲ့ မင်းအဆင်ပြေရင်
ငါကျေနပ်ပါတယ်....။
ဒါပေမယ့် ..ငါ အထီးကျန်တယ်..
အရာရာတွက်ငါရှိချင်နေလို့ပေါ့..။
အခြားသူတွေနဲ့ မင်းစကားတွေဖောင်ဖွဲ့နေတဲ့အခါ
ငါပျော်ပါတယ်...
ဒါပေမယ့်...မင်းများသတိရရင်လေ..စိတ်နဲ့
ငါလွမ်းနေခဲ့ရတယ်...။
အခြားသူတွေကို မင်းကိုးစားတဲ့အခါ
မတားလိုခဲ့ဘူး...
ဒါပေမယ့်..ငါ ဝမ်းနည်းခဲ့တယ်..
မင်းရှေ့မှာမတ်မတ်ငါတယောက်ပဲရှိချင်ခဲ့တယ်...။
အခြားသူတွေက မင်းကို
ချစ်တဲ့အခါ ငါကြည်နူးပါတယ်..
ဒါပေမယ့်..မင်းများငါ့ကိုမေ့သွားမလားစိတ်နဲ့
အမြဲထိတ်ခဲ့ရတယ်...။
အဆတ်ဟောင်းတွေနဲ့
မင်းနူတ်ဆတ်တဲ့အခါ..ငါမုဒိတာပွားခဲ့တယ်..
ဒါပေမယ့်..ငါအမြဲစိုးရိမ်ခဲ့ရတယ်..။
မင်းတတ်ကြွနေတာမြင်တိုင်း
ငါ ဘေးက..ဝမ်းသာခဲ့တယ်..
ဒါပေမယ့်..မင်းအပျော်လွန်သွားမှာ
ငါကြောက်ခဲ့ရတယ်...။
အခြားသူတွေက မင်းကို
ရင်းနှီးလွန်းမှသိတော့ ငါ..ပြုံးနေခဲ့တယ်..
ဒါပေမယ့်..သူတို့တန်ဖိုးမထားကြမှာ
ငါစိုးထိတ်ခဲ့ရတယ်..။
အခြားသူတွေနဲ့ မင်းပျော်နေတိုင်း
ငါမခေါ်ရက်ခဲ့ဘူး..
ငါခေါ်တိုင်း..မင်းငြီးငွေ့သွားမှာစိုးခဲ့တယ်..။
မင်းမလာနိုင်မှန်းသိပေမယ့်
ငါမခေါ်ရက်ခဲ့ဘူး..
ဒါပေမယ့်..ငါအမြဲမျှော်နေခဲ့တယ်..။
မင်းစိတ်ညစ်တယ်လို့ကြားတိုင်း
အဲဒါတွေ ..ငါ ဖြစ်ချင်ခဲ့တယ်..
ဒါပေမယ့်..ငါ့မွန်းကြပ်မူ့တွေ...
မျိုသိတ်ခဲ့တယ်..။
အခြားသူတွေကို မင်းသံယောဇဉ်
မဖြတ်နိုင်ဘူးကြားတော့
ငါကြေကွဲခဲ့တယ်..
ဒါပေမယ့်..ငါပြန်တည်ဆောက်ခဲ့တယ်..။
မင်းရဲ့နိုးထခြင်းမနတ်ခင်းတိုင်းမှာ
ငါ့ကိုအရင်ဆုံးနူတ်ဆတ်ခွင့်မရခဲ့ပေမယ့်
ငါ့ရဲ့နိုးထခြင်းမနတ်ခင်းတိုင်းမှာ
မင်းကို သတိရနေခဲ့တယ်..။
မင်းဖုန်းခေါ်သံတနေ့တခါမကြားရပေမယ့်
ငါတိတ်ဆိတ်နေခဲ့တယ်..
မင်းဘယ်တော့မတ်ဆေ့ခ်ျလာမလည်းစိတ်နဲ့
ခဏခဏငါ့ဖုန်းကြည့်နေခဲ့တယ်။
အခြားသူတွေနဲ့ မင်းစာတွေ
အများကြီရိုက်တာမြင်တိုင်း
ငါ့ inboxမှာမင်းစာများရောက်နေလေမလားစိတ်နဲ့
ငါခဏခဏဖွင့်ကြည့်နေခဲ့တယ်..။
အခြားသူတွေကို မင်းcommentပေးတာတွေ့တိုင်း
ငါ့စာမျတ်နှာတွေမှာ
မင်းcommentပေးလေမလားစိတ်နဲ့
ငါ့ဖွင့်ကြည့်ခဲ့တယ်...။
အခြားသူတွေရေးတဲ့ကဗျာတွေတိုင်း
မင်းကြိုတ်နှစ်သက်တာတွေ့ရတော့
ငါရေးတဲ့ကဗျာတွေ မင်းများဖတ်လေမလားစိတ်နဲ့
ပြန်ပြန်စစ်ခဲ့တယ်..။
မင်းအိပ်ပျော်နေတာကြည့်ပြီး
ကြည်နူးနေပေမယ့်
မင်းများနိုးသွားလေမလားစိတ်နဲ့
ငါ့အသက်ရူသံတိုးတိုးရူခဲ့တယ်...။
ညတွေနဲ့ငါနေသားကျခဲ့တယ်..
လမ်းတွေနဲ့ ငါအဖော်ဖြစ်ခဲ့တယ်..
ခုံတန်းတွေနဲ့ ငါမိတ်ဆွေဖြစ်ခဲ့တယ်..
ကဗျာတွေနဲ့ ငါအကျွမ်းဝင်ခဲ့တယ်..
သီချင်းတွေနဲ့ ငါဖတ်လဲတကင်းဖြစ်ခဲ့တယ်..
မိတ်ဆွေတွေနဲ့ ငါဝေးခဲ့တယ်..
မီးခိုးငွေ့တွေနဲ့ငါ ရင်းနှီးခဲ့တယ်...
အဲဒါ..အားလုံးက
အလွမ်းတဲ့...။
မင်းကိုချစ်တဲ့စိတ်နဲ့
ငါ့အတ္တနဲ့ငါကျွမ်းလောင်ခဲ့တယ်..
မင်းကိုလွမ်းတဲ့စိတ်နဲ့
အဇျတ္တကိုငါ ဖျောက်ခဲ့တယ်...
မင်းကို စိုးရိမ်စိတ်နဲ့
ငါ့အနာကို ငါမနာတတ်ခဲ့ဘူး..
မင်းကို စိတ်မချစွာနဲ့
ငါ့အပူမီးတွေထဲ
ငါပြာကျခဲ့တယ်..
မင်းကို သတိရစိတ်နဲ့
ငါ့ညခင်းတွေ ငါ့ရန်သူသက်မှတ်ခဲ့တယ်..
မင်းကို ပိုင်ဆိုင်ချင်စိတ်နဲ့
တလောကလုံး ငါကျောခိုင်းခဲ့တယ်..
မင်းနဲ့နီးစပ်ဖို့အတွက်
ငါ့တွယ်တာမူ့တွေအလုံးစုံ
ဖြတ်တောက်ခဲ့တယ်...
မင်းအပြုံးတွေမြင်ရဖို့
ငါ့ငိုကြွေးခြင်းတွေ
ငါစွန့်ခဲ့တယ်..
မင်းနဲ့ ..........ဆိုတဲ့စိတ်နဲ့
ငါရှင်သန်နေခဲ့တယ်...။
မင်းများငါဆီတကယ်
ရောက်လာလေမလားစိတ်နဲ့
ငါ့သေခြင်းတရားကိုတောင်
ငါတော်လှန်နေတတ်တဲ့အကောင်...။
မင်းသိလား...
ငါအသက်ငွေ့ငွေ့ကျန်နေရင်တောင်
မင်းရောက်လာခဲ့ပြီဆို..
ငေါတ်ခနဲ့ထထိုင်ပြီး
မင်းကိုတင်းတင်းကျပ်ကျပ်ပွေ့ဖတ်ထားမယ်ဆိုတာ
မင်သိများသိရင်....................။

Sunday, 25 November 2012

နားလည်လိုက်ကွယ်

ငါ့ အချစ်လေးရေ..
ငါဟာ ကြိုးတစ်ချောင်းလို
မကျင့်ကြံခဲ့ပါဘူးကွယ်..
မင်းအကာအကွယ်လေးနဲ့
ယိုင်နဲ့နဲ့ လင်းခွေနေရတဲ့
ညအိုထဲက
အလင်းတိုင်ငယ်လေးပါ......။

မင်းအတွက် လိုအပ်ချိန်
ထွန်းညှိလိုက်ပါ........
ကိုယ့်ကိုကိုယ်
အရည်ပျော်ကျရကောင်းမှန်းမသိအောင်
မီးစကို ဆွဲဆုတ်ထားမယ့် ငါပေါ့.......။

မင်း အလင်းရပါစေ....။

ငါ့ချစ်လေးရေ..
မင်းအိပ်စက်ချိန်ရောက်ရင်
ငါ့ကို ငြိမ်း သက်ခဲ့လိုက်ပါ...
အမှောင်နဲ့ငါက 



 

Thursday, 22 November 2012

(သွားခါနီးသော မောင်မြတ်ခိုင်သို့)


စီးတဲ့ဖိနပ်က စင်ကြယ်ဖိနပ်..

ယူမိတာက မုန့်တချပ်..

စေတနာထက်ထက်နဲ့

လူကလေးရယ်စားစေတော့ ကြံရွှယ်..


လူကုံထံအလယ်မှာ

သူ့ဂုဏ်မာန်မကြွယ်ဘူး..

မရှိလို့လည်း မခိုး

ရှိလို့ခိုးတဲ့သူခိုးမျိုးလည်း မဟုတ်..

ဒါကို..

သတင်းလုပ်လို့

ပြည်ကျော်မောင်းခတ်..

သကောင့်သားပါးစပ်က

အသိပေးတာပါတဲ့လေ...။

ခရိုနီအပေါင်း..

သူ့ပထွေးဟောင်းတော့

သတင်းမလုပ်..

ဒင်း..ပါးစပ်ပုတ်က

ထန်းလျက်ကျွေးမိတဲ့ခွေးလို..

အမြှီးကုတ်ပါတဲ့.(.မောင်.ြ....တ်..ိုင်..)

မင့် သအုပ်ကို

ပြောချင်စမ်းပါရဲ့...

အဘယူတဲ့ မုန့်က

ပြည်မှာပျောက်ပျောက်တဲ့

ပတ္တမြားငမောက်တွေ

မဟုတ်ဘူးလေကွဲ့..။

“ချမ်းမင်းကို”

အိမ်ရှင်ကိုဆက်သွယ်ရန်...

http://smilies-smilies.de/smilies/anlass_smilies/aprilscherz2.GIFchanminko86@gmail.com