ချစ်သူ ရင်ခွင်သည်သာ
နားခိုရာအဖြစ်
နှလုံးသားကို ပေးပါ၏..။
ချေလိုလျင်ချေ
ကြေလိုလျင်ကြေစေ..
သူ့အပြုံးတို့သာ လင်းပါစေ..။
ချစ်သူ လာရာလမ်းကို..
ကြိုဆိုရင်ဦး...ခြေအစုံကျူးလို့
ပြေးပွေ့ချီလိုက်ပါ့မယ်...။
ယုံကြည်လို့ ချစ်ရပါသည်..
ချစ်လို့ ယုံကြည်ရပါသည်..။
ဘယ်သူ့အလှမှ..
ငါဒူးမထောက်..
ဘယ်သူ့စကားမှ ငါမညွှတ်...
ငါနှလုံးသားအသံသာ
နားထောင်မည်..။
ငါ့နှလုံးသား ဆန္ဒသည်သာ
ချစ်သူ ရင်ခွင်နွေးနွေးဆီသာ..
လက်ကျန်မရှိပေးပါသည်
ဤ အချစ်တို့အား....
ချစ်သူ မြင်ပါစေသားးးးးး။


6 comments:
သီချင်းလေးရော ကဗျာစာသားလေးတွေပါ ခံစားအားပေးသွားတယ် သူငယ်ချင်း..
ချစ်သူနားထောင်ပါဆိုတော့အမတွေ သူငယ်ချင်းတွေမပါဘူးလားကွယ်ဝမ်းနဲစွာနဲ့ပဲ
နားထောင်ခဲ့ရပါတယ်
ကဗျာလေးလာရောက်ခံစားအားပေးသွားပါတယ်
ကဗျာကောင်းလေးပါပဲ
ဘသူ.တွက်မှမပါဝူးတဲ.
အော်တန်.တွက်........
လဲ..မဟုတ်ဝူးတဲ.
ဘာပဲကျောကျောအေ...
အော်တန်တို.တွက်မဟုတ်လဲ
ကပ်ဖတ်တွားပြီ...ဟိဟိ
မကျေနပ်လို.ကော်ပီလဲတွားပါတယ်ခညာ...
နာ.ကွန်မင်.တွေတက်မလာဝူးအေ..
လေဒယ်..
ပြန်ေ၇းဒယ်ကွာ...
ဘသူ.တွက်ဖစ်ဖစ်အော်တန် ကပ်ဖတ်တွားပါတယ်..
မကျေနပ် လို.ကောင်ပီပါကူးတွားပါဒယ်ခညာ...
ဟွန်း....
Post a Comment