ငါက အပေအတေ..
လမ်းဘေး လေလွင့်ရင်း..
ခပ်အေးအေး သီချင်းပဲ..
ညည်းတတ်တယ်...။
အမှတ်တမဲ့တွေတိုင်းမှာ..
အမှတ်ရရနေတတ်တဲ့ အကောင်...
ခံစားမူ့မပါတဲ့ ကဗျာတွေ
ဖတ်ရမှာလောက် ..
ငြီးငွေ့တတ်တာမရှိဘူး...။
ငါက ပိုင်ဆိုင်မူ့မဲ့တဲ့သူ..
အဲဒီလက်နဲ့ ငါရယူခဲ့တာ..
တစ်ချို့ တဝက်ရှိတယ်..။
ဘာလည်း မသိသေးရင်..
ငါ့ရင်ကို ခွဲကြည့်..
နားကျည်းတတ်မူ့ကို ကျောပေး..
ခပ်အေးအေးလေးနဲ့
ခေါင်းငုံခံတတ်တဲ့ သည်းခံမူ့...
ထားသော သစ္စာ..
မြဲသော ကိုယ်ကျင့်..
တည်သော စကား..
ဘဝတရားဟာ..
အမှန်တစ်ဝတ်နဲ့ ရောက်ရောက်လာတတ်တဲ့..
ငါ့ရင်ဘတ်...။
အဲဒီရင်ဘတ်ကို..
ငါ့အဖေက ကျေနပ်တယ်..
အဲဒီရင်ဘတ်ကို..
ငါ့အမေက ချစ်တယ်..
အဲဒီရင်ဘတ်ကို..
ငါ့နှမက လေးစားတယ်..
အဲဒီရင်ဘတ်ကို..
ငါ့ ညီလေးက ဂုဏ်ယူတယ်..
အဲဒီရင်ဘတ်နဲ့..
ငါ့ဘဝကို ရပ်တည်ထားတယ်..။
ရွှယ်တူတွေက သမုတ်တယ်..
ငချမ်း..တဲ့..။
ဘယ်တော့မှ မချမ်းတဲ့..
မင်းဘဝ..ဝါကျပြောင်းလို့..
ရေရွှတ်.."ငတ်ချမ်း"...။
စစ်မှန်တဲ့ ပျော်ရွှင်မူ့ကို
ငတ်တဲ့ "ငချမ်း"
အေးချမ်းမူ့ကို
ငတ်တဲ့ "ငချမ်း"
ပြည့်စုံမူ့ကို ..
ငတ်တဲ့.."ငချမ်း.."
မာနကို ဖမ်းဆုတ်..
ငချမ်း ဘဝမှာ
မာန်မလုပ်ခဲ့ဘူး...။
မှန်မယ်ထင်တာတွေ
မှားနေခဲ့တာလည်းအခါခါ..
ယုံကြည်တာတွေ..
ပျက်တာလည်း အကြိမ်ကြိမ်...
လဲလိုက်ထလိုက်လှမ်းလိုက်..
ကိုယ့်ဒူးတွေသာ..ပွန်းပဲ့တော့..
ကိုယ့်ကိုယ်ကျင့်
အပွန်းပဲ့မခံဘူး...။
အရှိကို အရှိတိုင်းပြောရဖို့..
မရှက်ဘူး..။
အသိကို အသိတိုင်းနေရဖို့..
မရှက်ဘူး..။
ဘဝကို အရူံးပေး..
လတ်မိုင်ငေးရလောက်အောင်..
မညံဖျင်းဘူး..။
ခြောက်ယောက်ဘဝကို..
တစ်ယောက်အားနဲ့..
ထမ်းထားတဲ့ ပုခုံး..
စာနာတတ်ရင် ခဏဝင်ကြည့်..
ဘဝသမားမှာ..
အလှတရားတွေ ခံစားဖို့
အချိန်မရှိဘူး....။
ဘာပဲပြောပြော..
ဘာပဲလုပ်လုပ်...
ဘာပဲ ကြုံကြုံ...
ခါးတယ်........။
အမေရေ...
ကျွန်တော်မှားနေပြီ...
လမ်းပြပါတော့....
သူတို့အသိုင်းအဝိုင်းမှာ
ကျွန်တော်ဟာ...
ခွေးရူးတစ်ကောင်တဲ့.....။
ထို့နောက်တနည်း....
ကျွန်တော်ဟာ....
အရိုင်းအစိုင်းတဲ့...။
တကယ်တော့.....
ကျွန်တော်....
တန်ဖိုးထားခဲ့တာပါ......။
သို့သော်.....
ကျွန်တော်မှားတယ်တဲ့...
အမေ...။
သက္ကာယမပါရင်...
သေရင်ပြီးတယ်ဆို..
ကျွန်တော် သေပါရစေတော့...
အမေရယ်....။
ဟောဒီ ကမ္ဘာကြီးကိုပစ်ချ..
လူတွေနဲ့ဝေးရာ...
ကျွန်တော်ပြေးပါရစေ.တော့...
အမေ..........။
နေတတ်သလိုနေနေတဲ့ဘဝမှာ
မနေတတ်အောင်
ကျုပ်....မလုပ်ခဲ့ဘူး...။
ဒါ သူသိတယ်...
ဘယ်သူ့ကို...
ဘာကို...
ဘာအကြောင်းကြောင့်....
ဘယ်အရာကို....
ဘယ်လို အပြစ်ဖွဲ့ရမလည်း....အမေ...။
သူတို့ကြောက်တယ်...
သူတို့လွတ်ကင်းတယ်....
သူတို့ပျော်ကြတယ်....
သူတို့မွေ့လျော်တယ်....
သူတို့လှောင်ကြတယ်..
သူတို့အချင်းချင်း..ပွေ့ဖက်ကြတယ်...။
သူတို့ပြောတယ်...
ငက်ချမ်း...ဆိုတဲ့အကောင်က....
ေ...ာက်ပေါတစ်ကောင်..
ခွင့်လွတ်ပေးလိုက်ပါတဲ့...
ဘယ်လိုအကြောင်းတွေရှိခဲ့တယ် ဆိုတာ..
ဘယ်သူတွေမှ မသိခဲ့ဘူး.....။
အမေ....
ကျွန်တော်...''အ''တယ်...
အမေ...။


5 comments:
ဟုတ်ကဲ့
ကဗျာလေးက ကောင်းပါတယ်...
အားပေးသွားတယ်...
အဟင့်.. :(
ကိုယ့်ကိုယ်ကိုယ် အဲ့လိုတွေးပြီး မရေးပါနဲ့...
"ချမ်း"ဆိုတော့ ချမ်းသာတယ်..
"မင်း"ဆိုတော့ ဧကရာဇ်..
"ကို"ဆိုတော့... သိတော့ဝူး ဟီး
ဘာပဲဖြစ်ဖြစ်အဲ့လိုတွေး ဒါပဲ >.<
ရင်ထဲက သံစဉ်တွေကို စာစီထားတဲ့ ကဗျာလေး.. ရင်ဘတ်နဲ့ ခံစားသွားတယ် သူငယ်ချင်း...ရေ..
....(ဘယ်လိုအကြောင်းတွေ
ရှိခဲ့တယ်ဆိုတာ ဘယ်သူတွေမှမသိခဲ့ဘုး )
ကဗျာလေးလာဖတ်တယ် ...
မအေမီ....
ကိုလေးရေ အတယ်ဆိုတာခံယူတြ့အပေါ်မှာမှုတည်ပါတယ်
Post a Comment