
နွေတဲ့..
ကျွန်တော်ကို ခြွေသွားတုန်းက
ပြုံးပြုံးလေးပေါ့လေ..။
လေပြေဆိုပေမယ့်
အပူငွေ့ကြောင့်ရော်နေတဲ့ အရွက်
လောကဓံလေပြေအခွေ့မှာ
ကြွေကျခဲ့ရတာတော့
ရော်ရွက်ဝါ..။
မသိလို့လား...
မမြင်ခဲ့လို့လား....
သွားသူလာသူအေးမြထူစေဖို့
အရိပ်တွေဝေစေခဲ့တာ
ကျွန်တော် စိမ်းစိုသစ်ရွက်လေးပါ...။.
အခုတော့...လဲ
ဝေချိန်မှာ အရိပ်ခို..
ကြွေချိန်မှာ တက်နင်း..
လေယူရာလွင့်ခဲ့ပါပေါ့..ရော်ရွက်ဝါ...။
အမောတကော ပြေးဝင်လာသူကို
ချွေးသိပ်အေးစေ အနားမှာ
အမောဖြေစေခဲ့သော
ရော်ရွက်ဝါ...။
ဒီအရိပ်မှာခို ဒီအပင်ကအခတ်ချိုး
ဒီလက်တွေကိုခွင့်လွတ်..
ပူလောင်သူ..အေးစေခဲ့သော
ရော်ရွက်ဝါ...။
အခုတော့
နွေအရောက်မှာ တန်ဖိုးဟာ
တစ်စစီတစ်စစီ မြေခရွက်ကြွေ..
နင့်ဘဝငယ်ဟာ..
ကြွေလွင့်ရွက်ကြွေသာသာ ရှိတော့တယ်...။
ကဲ...
နင်အရိပ်ပေးခဲ့ဖူးသောသူတို့ခြေဖဝါး..
တဖြောက်ဖြောက်တကျွတ်ကျွတ်...
နင်းချေခဲ့ကုန်ပါလား....
ရော်ရွှက်ဝါရယ်...။


5 comments:
ရော်ရွက်ဝါလေးရေ..
ကိုယ့်တာဝန်ကိုယ်ကျေခဲ့ပြီမို့..
ပြုံးပြုံးကြီးသာ အနင်းခံလိုက်ပါတော့..
ဟုတ်တယ်ချမ်းမင်းရေ
နွေဘယ်လောက်ခြွေခြွေ ပြုံးနိုင်တာအကောင်းဆုံးပဲ
sis jasmine
နင်အရိပ်ပေးခဲ့ဖူးသောသူတို့ခြေဖဝါး..
တဖြောက်ဖြောက်တကျွတ်ကျွတ်...
နင်းချေခဲ့ကုန်ပါလား....
ရော်ရွှက်ဝါရယ်...
ခံနိုင်၇ည်၇ှီတဲ့ရော်ရွက်ဝါလေးပါ...
ဒီကဗျာလေး အရမ်းကြိုက်တယ် အစ်ကို
အင်း....ဘာပဲပြောပြော
ရွက်ဝါလေးဘ၀က မေတို.ထက်လွပ်လပ်နေ
သလိုပဲ...အနှောင်အဖွဲ.မရှိဘူးလေ...
ကော်ပီတွားပါတီ.....
Post a Comment