ဒီနေ့ကလဲ...
ခါတိုင်းနေ့တွေလိုပါပဲ...
လူတချို့ဟာ..အိမ်မက်တွေရောင်းစားပြီး
လူတစ်ချို့ဟာ..သူများအိမ်မက်တွေကို မိတ္ထူပွားပြီး
ကိုယ်ပိုင်တွေပါလို့ လက်မှတ်ထိုးကြွားကြတယ် ၊
အိပ်မက်မမက်တဲ့သူ အိပ်မက်မရှိသူဟာ
စကားဝိုင်းမှာ စွံအ သူပါပဲ။
ငါ..အိမ်မက်တွေကရော
ကောင်းကင်သို့ပြန်တတ်သွားလေသလား..
မြောင်းထဲပဲ တိတ်တိတ်
မြေလျှိုးသွားလေသလား...။
ခုချိန်မှာတော့
ငါ့ရင်ဘက်ထဲမှာ နာနေတယ် ၊
အိမ်မက်တွေအကြောင်း ပြောတဲ့လူတွေကို စိတ်နာတယ်
အိမ်မက်တွေ မက်ခွင့်မရတဲ့
ငါ့ကိုယ် ငါလည်း စိတ်နာတယ်။
ကောင်းကင်ကတောင် တိတ်တိတ် ..
မှိုင်မှိုင်နေတတ်တဲ့ ငါ့ကိုသနားပြီး
ကျောင်းဆင်းတဲ့ အချိန်တွေတိုင်း
မိုးအဖြစ်နဲ့ ရွာပေးနေလေရဲ့။
သက်သေပြစရာမရှိပေမယ့်
ငါလည်းအိမ်မက်မက်ခဲ့ဖူးပါတယ်၊
ငါ့ရဲ့အိမ်မက်တွေ လစ်ဟဖို့အမြဲ
ဗီဇာနောက်ကျခဲ့တယ်။
မသန်မစွမ်း ရှင်သန်လာတဲ့
အိမ်မက်တချို့ကိုလည်း
လောကကြီးက ဆင်ဆာလုပ်ပစ်တယ်။
အမှည့်လွန်သစ်သီးတစ်လုံးအနေနဲ့
သူများတွေကြော်ငြာတွေကိုပဲ စိတ်မပါပဲထိုင်ကြည့်လို့
ဒီနေ့ကလည်း..
ခါတိုင်းနေ့တွေလိုပါပဲ။


4 comments:
အပေါ်ကမင်းသားကဘယ်ကလည်းကိုလေး
မိုက်တယ်နော်ပုံက :D
ဟုတ်တာတွေ အရမ်းများနေပါလားချမ်းမင်းရေ
(လူတချို့ဟာ..အိမ်မက်တွေရောင်းစားပြီး
လူတစ်ချို့ဟာ..သူများအိမ်မက်တွေကို မိတ္ထူပွားပြီး
ကိုယ်ပိုင်တွေပါလို့ လက်မှတ်ထိုးကြွားကြတယ် )
အဲဒီလိုလူတွေလဲ များနေတယ်
ခင်တဲ့ sis jasmine
:D :D
မိုက်တယ်
ဂွတ်တယ် :D
အကိုပဥာတ်ရေ.. ခါတိုင်းနေ့နဲ့မတူနဲ့ ဒီနေ့ ဆိုတာမျိုး တစ်နေ့တော့ အကို့ဆီမှာ ရောက်လာဦးမှာပါ.. အားပေးနေပါတယ်အကို။
Post a Comment