အံ့သြစရာကောင်းလောက်အောင် ခိုင်မြဲနေတဲ့ သူ့မျက်ဝန်းတွေလေ ။ တစ်နေရာကို
မမှိတ်မသုန် ကြည့်နေတဲ့ မျက်ဝန်းတွေမှာ ဝေ့ဝဲတစ်စက်လေးတောင်မရှိတာ ကိုယ့်ကိုယ်ကို
အံ့သြနေမိတာအမှန်ပဲ ။ ရွှေ့လျားခြင်းမရှိတဲ့ ခြေအစုံကလည်း နေရာတင်
စွဲမြဲရပ်တည်လျတ် တုတ်ခိုင်မြဲလှသည် ။ အခါတော်ပေး သီးချင်းသံက နားထဲ ပျံလွှင့်စွာ တိုးဝင်လာသည် ။ ဘေးဝန်းကျင်မှ
ကောင်းချီးသြဘာသံတွေနဲ့အတူ ရယ်မောသံတွေဟာ ဟောဒီ ခန်းမကြီးထဲမှာ
လှိုင်လှိုင်ကြီးကိုဟိန်းထွက်နေသည် ။ ရွှေခြေကျင်းတို့ရဲ့ ထိခတ်သံ ၊
ဆွတ်ဖျန်းထားကြတဲ့ မွှေးရနံ့ ၊ တိုးဝှေ့နေကြသူတွေရဲ့ ရွှေ့လျားသံ ၊
ဇွန်းခရင်းတို့ရဲ့ ပွတ်တိုက်သံ ၊ရောထွေးမွန်းကြပ်သိပ်သည်းလာသည် ဟု ထင်မိတယ် ။ ဖြူလွနေတဲ့ စတစ်အင်္ကျီဖြူနှင့် ရွှန်းစိုနေတဲ့ နီညိုရောင်ပုဆိုး ၊ ကတ္တီပါဖိနပ်နီနှင့် ရှင်းသန့်စွာဝတ်ဆင်ထားပေမယ့်ရင်ထဲမှာမဲမှောင်မူန်ဝါးနေတယ်ဆိုတာ သူပဲ သိသည် ။ တကယ်ဆို
ဒီလိုပုံစံမျိုးကို သူဘယ်တုန်းကမှ မဝတ်ဆင်တတ်ပေ။ အမြဲတမ်း ဂျင်းသားဘောင်းဘီနဲ့အတူ ရှပ်အင်္ကျီအပေါ်မှ ဂျာကင်တထည်ထည်တော့ သူဝတ်ဆင်မြဲ ။ မဂ်လာရှိသော အချိန်အခါတော်လို့ သတ်မှတ်ထားတဲ့ လူ့အသိုင်းအဝိုင်းအတွက်သာ ဝတ်ဆင်လာခြင်းဖြစ်သည်။ ဒီနေ့တော့ သူကိုယ်တိုင်လည်း နှစ်လိုစွာ ဝတ်ဆင်ခဲ့ခြင်းဖြစ်သည် ။
သူ့ကိုသိတ်ချစ်မြတ်နိုးပြီးဘယ်တော့မှထားမသွားပါနဲ့လို့တဖွဖွ ရေရွှတ်တတ်သူချစ်သူရဲ့ လက်ထပ်မဂ်လာပွဲ ။ သူလှပစွာ
နူတ်ဆတ်ဖို့တော့လိုမယ်လေ ။ ဧည့်ခံဖို့အတွက် သတို့သားနှင့် သူချစ်သော သတို့သမီးတို့ခုထိ ခန်းမဆောင်ထဲရောက်ရှိမလာကြသေးပေ။ ဂုဏ်သရေရှိ လူ့အသိုင်းအဝိုင်းမဂ်လာပွဲတော် မှာကိုယ်ဆီရောင်စုံပါကင်ပိတ်လက်ဖွဲ့ဗူးတွေအစီအရီထပ်လို့နေသည်။သူရော..ဘာကိုလက်ဖွဲ့ဆတ်သရမှာလဲ..။ ဘာကို ဂုဏ်ပြုချီးမြင့်ရမှာလည်း..။
ဒါတွေမလိုအပ်တော့ဘူးလို့သူထင်တယ်။ဟောဒီခန်းမထဲကစီရီစုပုံထားတဲ့
အရာဝတ္ထုတွေရဲ့
ပေါင်းစည်းလိုက်တဲ့တန်ဖိုးထက် သူပေးဆတ်သလိုက်တဲ့
ဂုဏ်ပြုလက်ဖွဲ့က အရာအားလုံးထက် သာနေနိုင်မယ် ဆိုတာ သိတယ် ။ ဘဝ ၊
ရည်မှန်းချတ် ၊ ရည်ရွှယ်ချတ် ၊
မျှော်လင့်ချတ် ပြီးတော့ အနူးညံ့ဆုံး နှလုံးသား အားလုံးနီးပါပေးလိုက်ရပြီပဲ
။ သူ့မှာ ပိုင်ဆိုင်ခွင့်ဆိုတာ မွန်းကြပ်နေတဲ့ ဝင်သက်ထွက်သက်ကလွှဲပြီး
ဘာတစ်ခုမှ မကျန်တော့ဘူးလေ။ နှလုံးသားတစ်ခုလုံးကို
ဖြစ်ညစ်ခံထားရသလို ရင်တခုလုံးက တင်းကျပ်ဆို့နင့်နေသည် ။ ကြည့်စမ်း..ယုံကြည်စရာမကောင်းလောက်အောင်ကို သူ့စိတ်တွေ ခိုင်မြဲလို့နေတာပါလား..။
သူ့ ရဲ့ဘဝမှာ ဘယ်အရာကိုမှ ခေါင်းငုံခံကျရူံးခွင့်ပေးမှာ
မဟုတ်ဘူး ။အဲဒီလို ကိုယ့်ကိုယ်ကို ခံယူထားတဲ့သူ။ဒီနေ့ဟာရင်တွင်းအနတ်ရှိုင်းဆုံး နှလုံးသားဆီကလှိုတ်လှိုတ်လဲလဲကိုဆိုနင့်နာကျင်ကြေကွဲနေစေတယ် ။ဟန်ဆောင်မူ့ကောင်းစွာသူဟာကျဆုံးနေမူ့ကိုဖုံးကွယ်ထားနိုင်တယ်။တကယ်ဆို ဟောဒီမဂ်လာခန်းမဆောင်ကြီး
ဟာသူ့ရဲ့ နှလုံးသား အသုဘဈာပနာ အခန်းအနား ၊ မဂ်လာခါတော်တေးသံက သူ့အတွက်
သံဝေဂတေးသံ ၊ ဟောဒီ ကောင်းချီးသြဘာထောပနာသံတွေ အားလုံးက သူ့အတွက် ငိုကြွေးပူလောင်သံ ဒါမှမဟုတ် ကျဆုံးသွားတဲ့ အညတရတကောင်ရဲ့ ဈာပနကို လှောင်ရီဟားတိုက်နေကြသလို မြင်နေမိတယ် ။
ငွေခရုတံပိုးမှုတ်သံက သတို့သားနဲ့ သတို့သမီးတို့
ခြေခင်းကြိုဆိုဖို့ အသံပေးလိုက်ပြီဆိုတာ သိလိုက်တယ်။ဆူညံသံတွေတဒင်္ဂတိတ်ဆိတ်လို့အကြည့်ပေါင်းစုံက နေရာတခုဆီတူညီစွာ ငေးမောနေကြသည် ။
ဆင်စွယ်ရောင် လှေခါးအထက်ဆီမှ ရွှေချည်ထိုးကတ္တီပါ ဖဲမွေ့ရာ ပေါ်၌
အရောင်အသွေးစုံညီ ပွင့်ဖက်တွေ ဖွာခနဲ့ ဝေကျလာသည် ။ အခြွေခံထားရတဲ့ ပွင့်ဖက်လေးတွေဟာသတို့သား သတို့မီးတို့ရဲ့ ခြေဦးတို့ နင်း
ချေဖြတ်လျောက်ကြဖို့ သူတို့အသက်ပျောက်ပေးနေရပါလား ။ ကြွေတာတောင် နမ်းရှိုတ်ဖို့မဟုတ်ပဲ လမ်းလို ခင်းလို့ ပန်းတို့ငိုကျွေးနေပြီလား ။ဆင်မြန်းယဉ်သာ ကေသာထက်မှာလန်းဆတ်ခွင့်မရတဲ့ပန်းလေးတွေရယ်
နင်တို့သတင်းက မမွေးလိုက်လေခြင်း ။ တကယ်တော့ သူဟာ အဲဒီကတ္တီပါနီရောင်ဖဲမွေ့ပေါ်ပျံကျဲလွင့်
ကျနေတဲ့ ကြွေပွင့်ဖက် ပန်းတခတ်နဲ့ ဘာထူးလို့လည်း ။ ခံစားတတ်တဲ့ပန်းတပွင့်ကစကားပြောခွင့်ရမယ်ဆို မနမ်းချင်မနမ်းပါနဲ့ ငါ့ပွင့်ဖက်တွေပေါ်တော့ မနင်းချေပါနဲ့ လို့ပဲဆိုလေကြမလား ။
အခုတော့.မဂ်လာခန်းမဆောင်ဆီ သယ်ဆောင်ခဲ့တဲ့ ပန်းခင်းလမ်းလေးပါလား ။ နင်းကြပါ..ဟောဒီ ငါ့ရဲ့အ
ကြွေပွင့်ဖက်တွေပေါ် ရက်ရက်စက်စက် နင်းဖြတ်ကြစမ်းပါ ။ ပြီးရင် အပျော်အရွှင်ဆုံး နင်တို့တွေ ရီမောပါ ၊
အနူးညံ့ဆုံး နင်တို့တွေ ပွေ့ဖက်ကြစမ်းပါ ။ ငါဆိုတဲ့ ပန်းက ခံစားမူ့မတတ်တဲ့ ပန်းတခတ်လေ ။ ခန်းမဆောင် တစ်ဆောင်လုံး ပျံလှိုင်ကြိုင်သင့်းနေတဲ့ မွေးရနံ့တွေက ထုံမွှမ်းလျက်ရှိနေသည် ။ မွှန်းကျပ်မူ့နဲ့အတူ
မူးမိုက်နေတဲ့ ခေါင်းတခုလုံး ထုံကျင်နေသည် ။ တင်းထားတဲ့ စိတ်နဲ့ ခန္ဒာကိုယ်တစ်ကိုယ်လုံး တောင့်တင်းနေ
သည် ။ခုချိန်ထိ တော်ဝင်သတို့သားနဲ့ တော်ဝင်သတို့သမီးတို့၏ ခြေဖျားမျှ မမြင်ရသေးပေ ။ ပန်းအကြွေပွင့်
ဖက်လေးတွေကို နုနုရွှရွှ လက်ဖဝါးလေးတွေနဲ့ အဆုတ်လိုက်အဖွာလိုက် ဖြန့်ကျဲနေသော လှပျိုဖြူ မိန်းမငယ်
လေး, လေးယောက်ရဲ့ ညင်ညင်သာသာ လှမ်းလာတဲ့ ခြေဖဝါးလေးတွေ ပဲမြင်ရသေးသည်။
နူးညံ့သော ပိုးဇာပဝါလေးတွေ ခြုံလွှမ်းပြီး ခြေဖဝါးနုနုမှာ ဆင်မြန်းထားကြသော ပုံတော်ကတ္တီပါ ဖိနပ်လေးတွေရဲ့အောက်မှာ ရောင်စုံပွင့်ဖက်လေးတွေပေါ် ဖိနင်းဖြတ်လျှောက်လာတဲ့ ခြေလှမ်းတွေဆီ
သူ့မျက်ဝန်းတွေက မမှိတ်မသုဉ် ငေးမောနေမိတယ် ။ပြီးတော့..မြင်လိုက်တိုင်း သူ့နှလုံးသားအပေါ် နင်းဖြတ်
နေကြသလိုရင်မှာ နင့်နင့်သီးသီး ခံစားရပြန်သည် ။
မဟုတ်သေးဘူး...ဒါဟာ.ငါရဲ့ ကျဆုံးနေမူ့ကို ငါကိုယ်တိုင်အရသာရှိရှိစတေးခံနေပါလား။မင်းကျဆုံးနေ
တာမဟုတ်ဘူး "မင်းခန့်နောင်" ။ ဟောဒီခန်းမဆောင်တစ်ခုလုံး ရှိသမျှလူအကုန်လုံးကို မင်းအနိုင်ယူသလို
အပြုံးမျိုးနဲ့ ပြုံးလိုက်စမ်းပါ ။ကိုယ့် နှလုံးသားကို ဟောဒီလိုလိုရက်ရက်စက်စက် ခွဲခဲ့သူရဲ့ မဂ်လာပွဲမှာ မင်း
မကျဆုံးတဲ့အကြောင်း ပြလိုက်စမ်းပါ ။ ရင်ထဲမှာ ခံစားမူ့မရှိသလို ၊ နာကျင်မူ့ကို မသိသလို အနည်းဆုံး ကွေး
ညွှတ်နေတဲ့အပြုံးလေးဖြစ်ဖြစ် ပြုံးပြနိုင်စေရမယ်.။ဟုတ်တယ်...မင်းရဲ့ ဝင်သက်ထွက်သက်တွေရဲ့အမြင့်မား
ဆုံး အောင်မြင်မူ့လို့ ခံယူလိုက်စမ်း " မင်းခန့်နောင် ။ မင်းဟာ ဟောဒီခန်းမကြီးတစ်ခုလုံးရဲ့ အောင်နိုင်သူ
စစ်သူကြီးတယောက်လို မဲ့ပြုံးလေးတပွင့်လောက် မထေမဲ့မြင် ပြုလိုက်စမ်းပါ ။ ထိန်းချုပ်ထားနိုင်စွမ်းတွေ၊
ဖုံးကွယ်နိုင်စွမ်းတွေအပြည့်နဲ့ ဒါဟာ အရှူးံဆိုလည်း အိဒြေ္ဒရှိရှိခံ ယူလိုက်စမ်း။ ပြီးတော့ .....
အာဏာပါးကွက်သားအားပြောခဲ့ဖူးသော ချားလ်(စ) ဘုရင်တစ်ပါးလို................
"ကိုယ့် ဘုရင်ကို စီရင်ရမှာမို့လို့ဆိုပြီး စိတ်လှုပ်ရှားမနေနဲ့ ၊ တည်တည်ငြိမ်ငြိမ်သာလုပ် ၊ ငါဘယ်လိုနေပေးရ
မလဲ..၊။" ဆိုပြီ တုံးပေါ်ကို စာနာစွာ သူ့ဦးခေါင်းကိုတင်ပေးလိုက်သလိုမျိုး မင်းလည်း တည်ငြိမ်စွာ လည်စင်း
ပေးလိုက် မင်းခန့်နောင် ။ ချစ်သူကို စီရင်တဲ့ မဂ်လာပွဲတော်မှာ လက်မရွှံစွာနဲ့ နှလုံးသားကို သွေးအေး
အေး လှီးခွဲခံပေးလိုက်စမ်းပါ ၊ဒါဟာ ဘာကိုမှ မတုန်လှုပ်တတ်တဲ့ မင်းရဲ့ မွန်မြတ်သန့်စင်တဲ့ နှလုံးသားရဲ့
သက်သေအဖြစ် ပေါ့ ၊ ဒါမှမဟုတ် မင်းရဲ့ ဆုံးရှူံးမူ့တွေကို မကြောက်မရွှံ ရင်ဆိုင်ရဲတဲ့ နှလုံးသား ။ဒါတွေကို
တွေ့မြင်ရမယ့် တော်ဝင်သတို့သမီးတပါးရဲ့ အံ့သြမှင်သက် ထိတ်လန့်နေမူ့ အရသာရှိရှိ စားသုံးပစ်လိုက်။
မင်းခန့်နောင် မင်းဘာကိုတွေးနေတာလဲ ။ ဒါတွေဟာ ရူးသွပ်စွာ အော်ဟစ်နေတဲ့ မင်းရဲ့ငိုကြွေးသံတွေ
လား ။ ဟုတ်တယ်..သူရူးနေတာ..ရင်တွင်းနေရာမှာ ရူးသွပ်ခါးတူးစွာ သူအော်ဟစ်နေတာ။နာကျည်းပြင်းထန်
စွာ သူပေါက်ကွဲနေတယ် ။ ရင်ထဲမှာ ဖြစ်တည်မူ့အသွေးအသားတွေအားလုံး ဆွဲထုတ်ခံလိုက်ရသလို ရင်တ
ခုလုံး ဟာတာတာ ခံစားမူ့မဲ့နေသည် ။ ကြောက်လန့်တကြား ကျဆုံးနေမူ့ကို သူ လတ်မခံနိုင်ဘူး ။ ခံစားချတ်
မဲ့စွာ မြင်ကွင်းမှ အရာအားလုံး သူမုန်းတီးနေတာ ။ ကိုယ်တွင်းစီးဆင်းနေတဲ့အသွေးသားတွေဟာ အတ္တတွေ
အပြည့်နဲ့ ဆူပွတ်လည်ပတ်နေသည် ။ သူရဲ့ကျဆုံးမူ့ တွေကို ဘယ်သူတွေစာနာမလဲ ။ အနားမှာ အမြဲတမ်းရှိ
ပါ့မယ် ဆိုတဲ့သူကတောင် ခါးသီးစွာ သစ္စာမဲ့ခဲ့ပြီပဲ ။ သူ့အတွက် သစ္စာတရားတို့၏ လဲပြိုကျရာ ဒီမဂ်လာ
ခန်းမကြီးပေါ့ ။ ရွှေရောင်တဝင်းဝင်း ၊အမွှေးရနံ့ဆုံးဆုံး လူတွေအကုန်လုံးဟာ သစ္စာတရားတို့၏ သေဆုံးရာ
အခမ်းအနားကို တညီတညွှတ် အားပေးပြုနေကြတယ်ပေါ့လေ.။ ဟုတ်ပါတယ်လေ..ဟောဒီလူတွေ အားလုံး
တညီတညွှတ် သူ့အပေါ်သစ္စာမဲ့နေကြတာ ။ တဖတ်သက်စွပ်စွဲချက်တွေနဲ့ မြင်မြင်သမျှကို အကြည့်တွေက
အဆိပ်လူးမြှားကဲ့သို့ ပစ်ခွင်းပစ်လိုက်တယ် ။ ပဟေဠိ ဆန်တဲ့ပင်လယ်ပြာလိုပဲ ငြိမ်သက်ပြီး အတွင်းလှိုက်
ဝုန်းဒိုင်းဖဲ့မွေနေတဲ့ မုန်တိုင်းလို ရင်တွင်းတစ်ခုလုံး ဗြောင်းဆန်အောင် ရိုက်ခတ်နေသည် ။ သိပ်ကိုတည်ငြိမ်
ပြီး တည်ကြည်စွာ ရပ်တည်နေတာ ၊ ဟန်ဆောင်မူ့ကောင်းစွာ ပီပြင်နေတာ ၊ မျတ်ရည်တို့မစိုပဲ ရင်တွင်းမှာငို
ကြွေးနေတာ ၊ ရန်သူတို့ချီတတ်ရာလမ်းမှာ တုန်လှုပ်ခြင်းမဲ့စွာ ရပ်နေသော စစ်သူရဲလို တည်ငြိမ်စွာရပ်ကြည့်
နေနိုင်တာ ၊ အို..ဒါတွေဟာ သူမှ ဟုတ်ရဲ့လား ။ မင်းခန့်နောင် မင်းသိပ်တော်နေပါလား ။
အလွယ်တကူ ပေါတ်ကွဲတတ်တဲ့သူ့ရဲ့အပေတေဆန်တဲ့ အကျင့်တွေ ပျောက်ဆုံးနေလိုက်တာ ။ တုန့်ပြန်
လွယ်တဲ့ သူ့ရဲ့စိတ်တွေ တည်ငြိမ်နေလိုက်တာ သူ့ကိုသူ့တောင်နားမလည်နိုင်ခဲ့ဘူး။ ဒါဟာ တစုံတခုရဲ့
ချည်နှောင်ငင်မူ့လား ဒါမှမဟုတ် အနိုင်မယူနိုင်တော့တဲ့သူတယောက်ရဲ့လည်စင်းခံနေခြင်းလားဆိုတာလည်း
ကောင်းစွာဝေခွဲမရနိုင်တော့ဘူး ။ ဘာပဲဖြစ်ဖြစ်ဒီနေရာကို သူရောက်အောင် လာနိုင်တဲ့ သူ့ရဲ့စိတ်ကို ကျေ
နပ်သည် ။သူမလာခင် သူငယ်ချင်း မင်းညို ရဲ့ " မင်းအဒီပွဲကို မသွားတာ အကောင်းဆုံးပဲ မင်းခန့်..၊ ထူးခြားမ
လာနိုင်တော့တဲ့ မျှော်လင့်ချတ်အတွက် သွားစရာမလိုသလို အဲဒီ မိန်းမတစ်ယောက်ရဲ့ရှေ့မှာ မင်းရဲ့ကျဆုံး
နေမူ့ကို ကပြအသုံးတော်ခံစရာမလိုဘူး မန်းခန့် ၊ ပြီးတော့ မင်းရဲ့ ပေါတ်ကွဲလွယ်တဲ့စိတ်နဲ့ မဖြစ်ဘူး.။မသွား
ပါနဲ့ သူငယ်ချင်းရာနော်.." ဆိုတဲ့စကားကို ပြန်ကြားယောင်နေမိပြန်တယ် ။ ဘာတဲ့.".ပေါတ်ကွဲလွယ်တဲ့မင်း..
မသွားပါနဲ့ "ဟုတ်လား.....ဟဟဟဟ မင်းခန့်နောင် ဆိုတဲ့ကောင်က ဟောဒီမဂ်လာပွဲတော်မှာ အသက်ဇီဝိန်
ကင်းမဲ့နေတဲ့သူလို တိတ်ဆိတ်ငြိမ်သက်နေတာကို မင်းညိုမြင်စေချင်သေးတယ် ။
".. ဟယ်..ကြည့်ပါဦး..ဖူးယောင်နေတဲ့ နူတ်ခမ်းလေးက ပွင့်အာစ နှင်းဆီဖူးငုံလေးလို လှလိုက်တာ နူတ်ခမ်းနီတောင်ဆိုးစရာမလိုဘူး လဲ့ပြာညိုလေးက " ၊ " ဟုတ်ပါရဲ့..လဲ့ပြာလေးရဲ့စိတ်ကူးလေးကောင်းလိုက်
တာ..သူ့ကိုယ်သူ သိလို့ထင်တယ် မိတ်ကပ်တွေအများကြီးမသုံးပဲ ပကတိအတိုင်း မျတ်နှာလေးက သိပ်လှပ
တာပဲ ၊ " ဒီရွှေခြေကျင်းလေးနဲ့ဆို သိပ်လိုက်ဖက်မှာ ၊ ဒီပုလဲ လည်စွဲလေးဆိုရင်ရော ၊ ဒီပိုးသားပဝါလေးနဲ့ဆို
ရင်ရော.....ဒီဆံထိုးလေးနဲ့ဆိုရင်ရော...အို..ဘာတွေလည်း လဲ့ပြာ မသိဘူး ။သူတို့ရဲ့ချီးမွမ်းသံတွေ လဲ့ပြာနား
ထဲမကြားသယောင် ပိတ်ဆို့နေသည်။မှန်သားပြင်ပေါ်မှ ပုံရိပ်ဟာ လဲ့ပြာညို ဆိုတဲ့ မိန်းမမှ ဟုတ်ပါရဲ့လားလို့
ကိုယ့်ကိုယ်ကို သံသယ ဝင်နေမိတယ် ။ သူကိုယ်တိုင် နှစ်လိုလက်ရစွာ ဖန်တီးလိုက်တဲ့ သူမ ၊ အခုတော့
သူမကို ဖီးလိမ်းချယ်သနေခြင်းဟာ ယစ်ပူဇော်ခံပွဲအတွက် သားကောင်တကောင်ရဲ့ လှပမူ့ကို ချယ်မူန်းနေသ
လို ထင်လာတယ် ။ သူမရဲ့ နှလုံးသား ခံစားမူ့က တစုံတခုကို ဆွဲငင်ထားသလို လေးတွဲနေသည်။ ရူးမိုက်စွာ
သူမရဲ့ရူးသွပ်မူ့ကိုလည်း သူမကိုယ်တိုင် ရှုတ်ချနေမိတယ် ။ ရုတ်တရက် သူမအတွေးတွေထဲမှာ ခိုဝင်လာ
တဲ့ ရုပ်ပုံလွှာတခုဟာ ရင်ကို ရိုတ်ခတ်လှုပ်ယိမ်း ယိုင်ခါစေခဲ့တယ် ။ ရက်ရက်စက်စက်ပိုင်းဖြတ်လိုက်တဲ့ သူမ
ရဲ့ပျော်စရာ ပုံရိပ်တွေဟာ သေဆုံးခဲ့ပြီထင်မှ ရုတ်တရက် ရှင်သန်ထမြောက်လာသလို သူမကိုယ်တိုင် ထိတ်
လန့် တုန်လှုပ်နေမိတယ် ။ ပြတ်သားမာကြောတဲ့ လဲ့ပြာညို ၊ အခုတော့ ရှင်ကျဆုံးအရည်ပျော်ကျနေပြီလား ။
"အချိန်မရှိတော့ဘူး ၊မြန်မြန်လေးဟေး..ဟိုမှာ ပန်းကျဲအပျိုလေးတွေထွက်ပြီ ၊ နှစ်ဖက်ဆွေမျိုးတွေလည်း
ဆုံနေကြပြီ ၊ မြန်မြန်လုပ်ကြ ၊ လဲ့ပြာ အဆင်ပြေလား ..၊ ဘယ်လိုနေလဲ ၊ဘာလိုသေးလဲ......" အန်တီခင်၏
လှုပ်ရှားဆော်သြ သံတွေ ဆူညံစွာထွက်ပေါ်လာသည် ။သူမ၏ဘေးဝန်းကျင်တခုလုံးဆူညံ လှုပ်ရှားအသက်
ဝင်နေပြီး သူမကတော့ မီးစာကုန်စ မီးရူးတိုင်လို လောင်ကျွမ်းမူ့ဟာ တဖြည်းဖြည်း ချည့်နဲ့ မောပန်းငြိမ်သက်လာတယ်။ ဖူးပွင့်စ ပန်းတပွင့်ဟာ ချတ်ခြင်း ညိုးရော်နွမ်းလျသွားသလို သူမ တကိုယ်လုံး လေးတွဲဆွဲခိုနွမ်းဖက်နေတယ် ။ငွေချည်ထိုးပြီးဖြူလွသန့်စင်နေတဲ့ ချိတ်ထဘီထက်မှာ ပုလဲလုံး
သေးသေးလေးတွေနဲ့ပုံးဖော်ထားတဲ့ သတိုးသမီးဝတ်စုံနှင့် လဲ့ပြာညိုဟာ ကျတ်သရေရှိစွာ တင့်တယ်လှပနေသည် ။ ရွှေ့လျားလှုပ်ရှားတိုင်းမှာ ငွေချည်ထိုးပုလဲလုံးလေးတွေရဲ့ တောက်ပမူ့တွေက လျပ်လျပ် ဝင်းတောက်နေသည် ။အရာတိုင်းဟာ သစ်လွင်မူ့တွေနဲ့ ခမ်းနားတောက်ပနေသည် ။ လဲ့ပြာညိုဟာ ကံကောင်းတဲ့ သတို့သမီးလေးတပါးအဖြစ် သက်မှတ်ကြပေလိမ့်မည် ။ အားလုံးပျော်ရွှင်ရယ်မောနေကြပါလားဟင် ။ တကယ်ဆို လဲ့ပြာ ပျော်ရွှင်နေရမှာလေ ။ လဲ့ ပြာဘာကြောင့်
မိမိရဲ့ မင်္ဂလာပွဲမှာ မပျော်နိုင်ရတာလဲ ။ လဲ့ပြာညို နင်အော်ဟစ်ချင်နေတာလားဟင် ၊ နင်သိပ်ကျေနပ်နေရမှာပေါ့ ၊ အချစ်နဲ့လပ်ထပ်ခြင်းဟာ မတူဘူးလို့ နင်ပြောဖူးသလို ခံယူလိုက်လေ ၊အချစ်နဲ့မတူတဲ့ ဟောဒီ လက်ထပ်ခြင်းထဲမှာ နင်ကျေကျေနပ်နပ်ကြီးကို ပျော်ဝင်နေရမှာလေ ...။အို.....ကျမ
ဘာတွေ ဖြစ်နေပြီလည်းဟင် ။ ရက်စက်ပြတ်သားတဲ့ ကျမရဲ့ နှလုံးသားတွေ တစ်စစီပဲ့ကြွေ အရည်ပျော်နေစေတဲ့ အရာက ဖြည်းဖြည်းခြင်းလှိုက်စားနေတယ် ။ အဒါဘာလည်း....။ အို..ကျမမသိချင်ဘူး..လဲ့ပြာဆိုတဲ့ မိန်းမဟာ ရုပ်ရည်လှပချောမွေ့သလောက် ရက်စက်ကြမ်းကြုတ်တဲ့ နှလုံးသားကို ပိုင်ဆိုင်ထားသူအဖြစ် သက်သေပြခဲ့ပြီပဲ ။ မိန်းမတယောက်ရဲ့မာယာတွေနဲ့ လိုချင်တဲ့ အရာတွေ ၊သာယာမူ့တွေ ၊ပြည့်စုံမူ့တွေ တခုပြီးတစ်ခု ပိုင်ဆိုင်ရပြီပဲ၊ကျမကျေနပ်နေသင့်တာပေါ့နော်။ပြီးတော့....ပြီးတော့..သူ..သူဘယ်မှာလည်း...အိုး..တွေးမနေနဲ့ ။ ကိုယ်ကိုယ်တိုင် ပစ်ခွင်းသက်လိုက်တဲ့ သားကောင်ကို ဘာကြောင့် သနားနေတာလဲ ။ သူလည်း ဒီပွဲကို တတ်မှာ မဟုတ်ပါဘူး။ မျှော်နေမိပေမယ့် သူလာမှာလည်း မတွေ့မြင်ချင်ဘူး။သူရဲ့ပေါတ်ကွဲလွယ်တဲ့ စိတ်ကို ကျမကြောက်ရွှံတယ်။ ဒါမှမဟုတ် သူ့ရဲ့မျက်ဝန်းသေတွေကို ကျမ..ကျမမြင်တွေ့နိုင်စွမ်းရှိမှာ မဟုတ်ဘူး။ကျမသိပ်ကိုတရားလွန်နေပြီနော်။အတ္တတွေ တပွေ့တပိုက်ကြီးနဲ့ လောင်ကျွမ်းနေတဲ့ နှလုံးသားမှာ
အေးမြခြင်းဆိုတဲ့ အရသာကိုတော့ ကျမတောင်းတနေတတ်ပြီ ။

"သမီး အဆင်သင့်ဖြစ်ပြီနော် ၊ ဆင်းကြစို့"။ အန်တီခင်၏ သတိပေးသံနောက်တခါထွက်ကျမှသူမ,သတိတွေထိန်းချူပ်လိုက်သည်။ကြည့်ပါဦး..အပေါ်လှေခါးကနေသူမ,မြင်
ကွင်းအားလုံးကိုမြင်တွေ့နေရသည်။လဲ့ပြာရဲ့ဘဝမှာဒီလောက်များပြားတဲ့သူတွေကိုမမြင်ဘူးသလို့အံ့သြနေသည်။
ပြီးတော့ အရာအားလုံးဟာ သစ်လွင်တောက်ပနေသည် ။မွှေးပျံ့တဲ့ ရနံ့တွေကလည်း လှိုင်လှိုင်လေး သင်းနေသည်။ ကတ္တီပါကော်ဇောပေါ်မှာပွင့်ဖက်ကြွေ ပန်းပွင့်တို့၏ လဲလျောင်းနေမူ့တွေက သူမ,ခြေလှမ်းတွေ မတို့ထိဝံအောင် လှပစွာပြန့်ကျဲနေသည် ။ထိုလူတွေရဲ့ အကြည့်တို့သည် လဲ့ပြာညိုထံသို့
တစ်စုတစည်းတည်းကျရောက်နေသည်။ ချီးမွမ်းသံတွေ ၊ အားကျသံတွေ ၊ဆုတောင်းပေးသံတွေ ..အို..လဲ့ပြာ
ကို သူတို့တညီတညွှတ်တည်း ငေးမောနေတယ်..။အကယ်၍ လဲ့ပြာ ဆိုတဲ့ မိန်းမဟာ ချစ်သူကို ရက်ရက်စက်စက် ခွဲထားရက်ခဲ့တာ သိကြရင်ရော အခုလိုပဲ ကောင်းချီးပေးသံတွေလျံဝေနိုင်ဦးမလား။ လဲ့ပြာ
ရဲ့ဟန်ဆောင်လည့်ဖြားမူ့အောက်မှာ သူတို့အားလုံး ဦးညွှတ်နေကြပါလားဟင် ။ တကယ်တော့ လဲ့ပြာ..လဲ့ပြာ
ဟန်ဆောင်နေခဲ့တာ..။ဒါဆိုသူတို့၏ကောင်းချီသြဘာသံတွေဟာလဲ့ပြာရဲ့ဟန်ဆောင်မူ့ကြောင့် ဒါတွေပိုင်
ဆိုင်ရယူနေရတာလား..။ဖြူစင်ခြင်းရဲ့ အရသာကို လဲ့ ပြာစတင်ဦးညွှတ်ပြီး စားသုံးချင်လာတယ်။စစ်မှန်ခြင်း
ရဲ့အရသာကို တွေ့ဖူးချင်လာတယ်။

အနီရောင်လှေခါးလေးအတိုင်း တစ်ထစ်ခြင်းသူမဆင်းသက်လာတယ် ။ပြီးတော့ ကျမလက်
တစ်ဖက်က သတို့သား၏ လက်ကိုဆွဲမှီခိုလျက်ပေါ့ ။အတွေးစတွေက တဒင်္ဂလွင့်စင်ပျောက်ကွယ်ပြီး သူမစိတ်ထဲ နေသာထိုင်သာရှိလာသည်။ ပြီးတော့ အလှပဆုံးအပြုံးကို သူမနူတ်ခမ်းဖျားက အလိုလို ဖန်တီးရယူလိုက်ပြန်တယ်။ တယောက်ပြီးတယောက် နူတ်ဆတ် ၊ တယောက်ပြီးတယောက်ချီးမွမ်းလို့ သူမ
မောပန်းလာသလိုခံစားရပြန်သည်။
လူတွေအားလုံး တဖြည်းဖြည်းတွန်းထိုးရွှေ့လျားလှုပ်ရှားလာကြပြန်တယ်။သူမငေးမောစွာ
တစ်ယောက်ချင်းဆီ လိုက်ကြည့်နေမိတယ်။ နူတ်ဆတ်ပြီးသူတွေက ထိုင်ခုံရှိရာထိုင်သူကထိုင်သွားသူတွေ
ကသွားနဲ့ လူတွေကြားထဲမှာ သူမ၏အမြင်၌ ဖျတ်ခနဲ့ဖြတ်သန်းလှုပ်ခါသွားတဲ့အရိပ်တခု..။ ရင်မှာထိတ်ခနဲ့
လှုပ်ခါသွားတယ်။သိမ့်သိမ့်လေးဆိုပေမယ့်သူမအတွက်တော့ တုန်လှုပ်လောက်အောင် ဖြစ်ခဲ့တယ်။မဟုတ်
ပါဘူးလေ..ဆိုတဲ့စိတ်နဲ့ သူမအမြင်အာရုံကိုလွှဲလိုက်ပေမယ့် ဝေဝါးမပြတ်သားစွာ သူမပြန်ကြည့်မိလိုက်
ပြန်တယ် ။ အို..ဘုရား..ဘုရား..ကျမခေါင်းတွေ မူးမိုက်သွာသလိုခံစားရတယ်..။သူ..သူလေ...အတည်ငြိမ်ဆုံး
အပြုံး ၊ပြီးတော့..ပြီးတော့ ကျမ သိပ်မြတ်နိုးတွယ်တာမိတဲ့ အပြုံးလေ ။တွဲထားမိတဲ့ လက်ကအလိုလို ပြေလျော့မိသွားတယ်။ သွယ်တန်းပြည့်ဖြိုးတဲ့လက်က ဆုတ်ကိုင်ထားတဲ့ ပန်းစည်းလေးတောင် လွင့်စင်ကျသွားမလိုဖြစ်သွားတယ်။ အလှပဆုံး ဖူးပွင့်ထားတဲ့ သူမရဲ့ နူတ်ခမ်းသားလေးက ဆတ်၍ ပြုံးနိုင်စွမ်းမရှိတော့ပေ။ပျက်ယွင်းသွားတဲ့အပြုံးကို သူမချတ်ခြင်း ပြန်လည်တပ်ဆင်လိုက်တယ်။ ဒါပေမယ့် အစကတည်းက ဟန်လုပ်ထားတဲ့သူမရဲ့အပြုံးဟာ ပို
ပြီး အသက်မဲ့သွားစေတယ်။ကျမ ရှေ့ဆတ်လှမ်းဖို့ ခြေလှမ်းတွေက လေးတွဲလာတယ် ။တဖြည်းဖြည်းနီးကပ်လာတဲ့ ကျမရဲ့ခြေလှမ်းတွေ ၊ တဖြည်းဖြည်းအေးခဲလာတဲ့ ကျမရဲ့ လက်ဖျားတွေ ၊နူတ်ခမ်းမှ အပြုံးတို့သည် တဖြည်းဖြည်းလွင့်ပျယ်လာတယ်။ ကျမဘယ်တုန်းကမှ မမြင်တွေ့ဖူးတဲ့ပုံစံမျိုးတွေ
တွေ့ရတော့ အံသြနေမိတယ်။ရှင်းသန့်တည်ငြိမ်နေတဲ့သူဟာ ကျမသိပ်ချစ်ရတဲ့ ရှင်မှဟုတ်ရဲ့ ။ သူနဲ့ကျမရဲ့အကွာအဝေးဟာပိုပြီးနီးကပ်လာတိုင်းကျမရင်တွေမသိမသာတုန်ယင်လာတယ်...................။
ပြီးတော့လေ..ကျမငိုချင်လာမိတယ်။ကျမလိုချင်တာရှင်ရဲ့ပေါတ်ကွဲ

လွင့်စင်သံတွေ။ လဲ့ပြာဆိုတဲ့မိန်းမဟာ သိပ်ကိုအောက်တန်းကျတဲ့သူလို့ ရှင်နူတ်ကအကြီးအကျယ်အော်
ဟစ်လိုက်သံကိုကျမခံယူချင်နေတာ။ကွဲအက်နေတဲ့ရှင်ရဲ့နှလုံးသားကကျလာတဲ့နာကျည်းခြင်းတွေနဲ့ ကျမကိုပစ်ပေါက်လိုက်စမ်းပါ။ ဒါတွေ..ဒါတွေကျမဘာကြောင့်များ ရုတ်တရက် ဆာလောင်လာတာလဲ။
လဲ့ပြာဆိုတဲ့ မိန်းမ ,ကျမ စစ်မှန်ခြင်းတွေ ၊ရိုးသားခြင်းတွေကို အမှန်တကယ် လိုချင်မိလာလို့ပါရှင် ။အို..ရှင်ခုထိငြိမ်သက်တိတ်ဆိတ်နေတုန်းပဲလားဟင် ။ကျမကရှင့်ရဲ့ပေါက်ကွဲလွင့်စင်အသံတွေ အဆုံးမှာ ဒူးထောက်ခစားကျမအမှားတွေကို တောင်းပန်ရယူချင်တာ။ ရှင့်ဆီက ခွင့်လွတ်အပြုံးလေးကို မြင်ချင်တယ်။
ပြီးရင်.".လဲ့ပြာ..ကိုတို့ပြေးကြစို့.".ဆိုပြီးကျမလက်ကိုဆွဲပြီး ဟောဒီလူတွေ ၊အဆောင်အယောင်တွေကြားက
ထွက်ပြေးမယ်မလား။ကျမဘယ်တုန်းကမှ စိန်မခေါ်ရဲခဲ့ဘူးတဲ့ဘဝကြီးကို စိန်ခေါ်ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီ...မောင်။ အို..ကျမနူတ်က မောင်တဲ့လားဟင်။ ခေါ်ခွင့်ပြုမယ်မလားမောင်။ ကျမမြတ်မြတ်နိုးနိုးနဲ့ ရင်ထဲနှလုံးသားထဲက နင့်နင့်နဲနဲခေါ်လိုက်တာပါ။...တဖြည်းဖြည်းသူ့ဘေးနားကနေက
နေကကျမဖြတ်လျောက်ကျော်လွန်လာသည်အထိ သူကအပြုံးတဝက်နှင့်ခေါင်းငုံသွားလေသည်။ ဟင့်အင်..
ဒါရှင်မဟုတ်ဘူး..ကျမသိပ်မြတ်နိုးတဲ့ မောင်မဟုတ်ဘူး။ မောင်က တဇွတ်ထိုးဆန်ဆန်သတ္တိရှိတဲ့သူလေ။
လေးတွဲစွာ သူစိမ်းတယောက်ရဲ့တွဲခေါ်နေမူ့နောက်ကို ကျမလိုက်နေရတယ်။ သူစိမ်းလို့ပဲ သုံးခွင့်ပြုပါ။ထိုလူဟာ ကျမနှလုံးသားနဲ့ နည်းနည်းမှ ရင်းနှီးကျွမ်းဝင်ခြင်းမရှိတဲ့သူစိမ်းပါ။ ကျမကို.......... မော့ကြည့်ပါဦး...မောင်၇ယ်။အို..မလုပ်ပါနဲ့နော်..ရှင်ခြေလှမ်းတွေလည့်မပြန်ပါနဲ့ဦးနော် ။ကျမ..ကျမ........။မသွားပါနဲ့..မောင်။ကျမကိုထားမသွားပါနဲ့နော်...ကျမနှလုံးသားဟာရှင်မရှိလို့မဖြစ်ဘူးဆိုတာကျမ နားလည်နေပြီ မောင်ရဲ့။အချိန်လွန်နောက်ကျမှသိရတဲ့ဟောဒီကျမရဲ့နှလုံးသားကတောင်းဆိုမူ့ကိုကျမ လွယ်လွယ်ကူကူ အရှူံးပေးလိုက်ပါပြီမောင်။ ရှင်တကယ်..ထွက်သွားပြီလား..ရှင်တကယ်ထွက်သွားပြီပေါ့...။
သူ....ခြေလှမ်းတွေရွှေ့လျားသက်ဝင်စေလိုက်တယ်။ရောက်ရှိနေကတည်းက ဒါဟာ ပထမဆုံးရွှေ့လျားခြင်းတစ်ခု။ဒီရွှေ့လျားခြင်းဟာ ကျောခိုင်းလည့်ထွက်ခြင်းပဲပေါ့လေ။ ရင်ထဲမှာ နာကျည်းမူ့တွေ သိမ်းဆည်း ၊သူမပျော်နေတာတွေ့ရတော့လည်း ရင်ထဲမှာ အစိုင်အခဲတွေက အလိုလို ပျယ်လွင့်ပျောက်ကွယ်သွားရပြန်တယ်။ဘဝမှာတန်ဖိုးဆိုတဲ့အသိက ဘာလည်းဆိုတာနားလည်လိုက်တယ်။
ပီတိပေါ့..။အကောင်းဆုံး ခွင့်လွတ်အပြုံးရဲ့အရသာက ပီတိပေါ့..။ပြီးတော့ ကိုယ်ကိုယ်ရောသူမကိုပါ တပြိုင်တည်း အနိုင်ယူလိုက်တာ။ ကျနော်စိတ်တွေ အလိုလိုငြိမ်းချမ်းသွားတယ်။ဒီနေရာဝန်းကျင်မှာ ဆတ်ရပ်တည်ရှိနေဖို့ သူအတွက်မလိုအပ်တော့ဘူးမလား။ ပေးဆပ်တယ်ဆိုတာ ကိုယ့်ကိုမလိုအပ်တဲ့သူတွေကို သူတို့ရဲ့လိုအင်ဆန္ဒပြည့်ဝဖို့ ကိုယ့်အတွက်အကျိုးမဲ့ဖြည့်ဆည်းခြင်းပဲ။ သူအတွေးတွေအရှည်ဆုံးထိတွေးလိုက်တယ် သစ္စာတရားတို့အကြောင်း ၊ခွင့်လွှတ်နားလည်ပေးမူ့တို့၏ ချိုမြိန်မူ့ ၊မတည်မြဲခြင်းတို့၏ ဖြစ်တည်မူ့ ၊ဖောက်ပြန်ခြင်းတို့၏အတိတ်..ပြီးတော့..သူ့စိတ်ကိုငှက်တကောင်လိုလွပ်လပ်စွာ ပျံသန်းခွင့်ပေးလိုက်တယ်...။ သူ့ရဲ့လွင့်မျော်မူ့ကို အဆုံးးသက်စေလိုက်တော့ သူဟာ လမ်းမကြီးပေါ်ထိရောက်နေသည်ကို သိလိုက်သည်။ နှင့်..................................
" ဟေ့ကောင်......မင်းခန့်........." ဒါသူ့ရဲ့အချစ်ဆုံးသူငယ်ချင်း မင်းညိုရဲ့အော်ဟစ်သံ..။ဟိုးအဝေးကြီးက
နေစိုးရိမ်တကြီးထိတ်လန့်သံနှင့် သူဆီပြေးလာနေတာပေါ့.".ဟေကောင်..ဟေကောင်.......အသံကိုအဆုံးထိ
ကြားခွင့်မရနိုင်တော့ပေ။မင်းညိုရဲ့အော်ဟစ်သံကကြီးမားပြင်းထန်တဲ့တိုးဝင်တိုက်သံကြားမှာ ပျောက်ကွယ်သွားသည်။
သူမျက်ဝန်းတွေမှာ ဝေဝါးနေတယ်..ပြီးတော့.တင်းထားသမျှအနာတို့ကိုမျတ်ရည်အဖြစ် စီးဆင်းခွင့်ဖြေလျော့ချပေးလိုက်တယ်..မျက်ရည်တို့သည်..စတင်စီးဆင်းခဲ့ပါပြီလေ..။ဖြူလွသန့်စင်နေတဲ့သူ့ရဲ့
အင်္ကျီက နီညိုရောအစွန်းအထင်းသွေးချင်းချင်းနီးနေတော့သည်။
အနားမှာမင်းညိုရောက်လာတာတော့သတိထားမိတယ်..။သူ၏လေးတွဲပျော့ခွေနေတဲ့ခန္ဒာကိုယ်ကို ပွေ့ယူချီမလိုက်သည်ကိုလည်း ခံစားမိလိုက်တယ်။ သူ၏တုန်ယင်နေတဲ့လက်ဖျားတွေကို မင်းညိုက ဆုတ်ကိုင်ပေးရင်း..
"မင်းကွာ..မင်း..ငါ့စကားနားမထောင်ဘူး..ငါစိတ်မချလို့ လိုက်လာတာ..ငါ..ငါထင်တာက မင်းပေါက်ကွဲနေမိမှာစိုးရိမ်တာ..မင်းကျရူံးနေမူ့ကို မမြင်ချင်တာ.မင်း.မင်း..ဟာ..ငါ့သူငယ်ချင်းဒီလိုဖြစ်မယ်လို့တော့ ငါတွေးမထားဘူးကွာ..ဟေကောင်..မင်းခန့်..ဟေကောင်..သ..သတိထားသူငယ်ချင်း.."
သူအားယူတင်းပြီးနူတ်မှ စကားလုံးတချို့ကို ရွှေးထုတ်နေမိတယ်..။သို့သော် စူးနင့်တတ်ပြီးထွက်ကျတာက
သွေးစက်တို့သည်သာဖြစ်နေသည်။ နောက်ဆုံးသူ အားကုန်..နောက်ဆုံးသူအစွမ်းကုန်..နောက်ဆုံးသူ
နှစ်လိုလက်ရအပြုံး.ကြိုးစားပြုံးလိုက်တယ်။
"မင်း..မင်းညို.."
"အေး..ပြော..သူငယ်ချင်း....၊မင်းဘာမှမပူနဲ့နော်..လူတွေလည်းရောက်နေပြီ..အားတင်းထား..သူငယ်ချင်း.."
သူဖြေးလေးစွာခေါင်းခါယမ်းလိုက်မိတယ်..။
" မင်းညို..ငါ....ငါ..လဲ့...လဲ့ပြာ..လဲ့ပြာညိုကို..ခွင့်လွတ်...........................................................။
အရာအားလုံးဟာ ခွင့်လွတ်ခြင်း၊ပေးဆပ်ခြင်း..ဖြစ်ခြင်းပျက်ခြင်း..သဘောသူနားလည်တတ်ပြီလေ။
ဟောဒီကမ္ဘာပေါ်မှာအေးချမ်းခြင်းဆိုတာအချစ်လည်းမဟုတ်ဘူး၊အမုန်းလည်းမဟုတ်ဘူး။ခွင့်လွတ်ခြင်းတွေနဲ့ပေါ့....
တိုးတိုးတိတ်တိတ်အသံတွေကတဖြည်းဖြည်းအုတ်အုတ်ကျတ်ကျတ်ဖြစ်လာသည်။ ပြီးတော့လဲ့ပြာနားထဲမသဲမကွဲ
ကြားရပြန်တယ်။အသေချာ နားစိုက်စွင့်လိုက်သည်မကြား..။နောက်တခါ..နောက်တကြိမ်..မကြားရသေး.....
နောက်ထပ်တဖန်.."ခန်းမရှေ့မှာ လူတယောက်ကိုကားနဲ့တိုက်မိလို့တဲ့" ၊ပွဲချင်းပြီးတဲ့ ၊ အရှိန်တော်တော်ပါတယ်ပြောတယ်..၊ " ကောင်လေးတယောက်လို့ပြောတာပဲ.." ၊ ဒီပွဲကပြန်လာတာတဲ့.."...
အဆုံးသက်ကြားရတဲ့အသံသဲ့သဲ့က လဲ့ပြာရင်ထဲက အားကုန်ရုန်းထွက်ပြေးလိုက်တယ်.........နားထဲမှာသဲ့သဲ့
အသံတွေလေ..ဘာတဲ့သူတို့ပြောနေတာတွေ..."ခန်းမရှေ့မှာ လူတယောက်ကိုကားနဲ့တိုက်မိလို့တဲ့" ၊ပွဲချင်းပြီးတဲ့ ၊ အရှိန်တော်တော်ပါတယ်ပြောတယ်..၊ " ကောင်လေးတယောက်လို့ပြောတာပဲ.." ၊ ဒီပွဲကပြန်လာတာတဲ့.."ဟင့်အင်း...ရှင်တို့တွေ ကျမကို လိမ်နေကြတာ..ကျမလိုပဲ ရှင်တို့တွေ ဟန်ဆောင်နေကြတာ..ကျမရှင်တို့ကိုမုန်းတယ်....ပြေးထွက်ခဲ့တယ်..အလျင်မြန်ဆုံးပြေးထွက်လာတာ။ဆင်ယင်
ထုံးဖွဲ့ထားတဲ့ဆံနွယ်တို့ကိုလက်တဖက်နဲ့ဆွဲဖြုတ်ဖြတ်ချလိုက်တယ်..။ပုခုံးပေါ်ကပိုးသားပဝါလေးလည်း လေ၏အရှိန်နှင့် ပြုတ်ကျကျန်ခဲ့ပြန်တယ်
..ထိုပဝါလေးက တော်တော်နှင်မြေပေါ်မကျ လေပေါ်ဝဲလို့နေသေးတယ်။ သူမရဲ့ပြေးလွားနေခြင်းကို ဟန့်တားနေတဲ့ကတ္တီပါ ဖိနိပ်ကိုလည်း ပြေးရင်းပင် လွင့်ချွတ်ခဲ့မိတယ်..။သူမကိုတားဆီးပိတ်ပင်သံတွေ၊တွန်းထိုးဆွဲချုပ်နေတာတွေ ၊တလောကလုံး..လဲ့ပြာဆိုတဲ့နာမည်ကို ခေါ်ယူသတိပေးသံတွေ..ချတ်ချင်းရုတ်တရက် မင်္ဂလာပွဲကြီးဟာ
ရုတ်ရုတ်သဲသဲဖြစ်၍ကျန်နေတယ်..။
ခြေလှမ်းတွေက မြင်းရိုင်းတကောင်ရဲ့ဇတ်ကြိုးကိုဆောင့်ဆွဲခံလိုက်ရသလို တုန့်ခနဲ့ရပ်သွားတယ်။ကျမ..ကျမရှေ့ဆတ်မတိုးရဲဘူး..။မောင်..မောင်..ကျမကိုဘာလို့ခေါ်မသွားရတာလည်း
ဟင် ။လူအုပ်ကြားထဲမှာလဲကျနေသူက မောင်ဟုတ်ရဲ့လားဟင်။ ရူးသွပ်စွာခေါင်းခါယမ်းပစ်လိုက်တယ်။
သူမသတိမဲ့သုဉ်းစွာဒူးထောက်ခွေကျသွားတော့လူတွေကြားထဲကနေသူမရှိရာဆီကိုပြုံးပြုံးလေးငေးကြည့်နေတဲ့ မောင်မျက်နှာလေး..။

အိုး.........ကျမရင်တွေပူလောင်လိုက်တာမောင်ရယ်..။မောင် ..ဒါဆို ကျမသိပ်ချစ်ရတဲ့မောင်ဟာတကယ်ပဲ
အပြီးတိုင်စွန့်ခွာသွားတာပေါ့။ကျမကို ပစ်စလက်ခတ်ပြောလိုက်ပါမောင်ရယ်..။ကျမကသိပ်ကိုအတ္တကြီးတဲ့
မိန်းမတယောက်လို့ပြောခဲ့ပါဦး။ ဟ..ဟား..ဟား...ဟား...။လှပစွာရယ်မောခြင်းမဟုတ်ဘူး။နာကျည်းစွာရယ်မောခြင်းနဲ့ကောင်းကင်ကိုမော့ပြီ
ဟားတိုက်ပစ်လိုက်တယ်..။မိလဲ့ပြာညို..နင်ဟာ နင်သိပ်ချစ်တဲ့သူကိုသက်တာ...ဟုတ်တယ်...ငါသက်တာ...
ငါသက်တာ.....ဟဟ..ဟား..ဟား.............။ကြောက်တယ်..ငါကြောက်တယ်..ဟောဒီလူတွေနဲ့အဝေးဆုံးကို
ငါပြေးမယ်.........
" ဦးမင်းညို..ဒါဆိုအဲဒီအရူးမကြီးက ဦးမင်းညိုရဲ့သူငယ်ချင်းပေါ့...။"
ကလေးတစ်ယောက်ရဲ့မေးမြန်းခြင်းကို မင်းညိုဖြေးလေးစွာခေါင်းငြိမ့်အဖြေပေးမိလိုက်တယ်။လဲ့ပြာရယ်...
သိပ်လှပတဲ့လဲ့ပြာဟာ အခုတော့ အရူးမကြီးလားဟာ..။ဟောင်းနွမ်းပြတ်စုတ်နေတဲ့သတို့သမီးဝတ်စုံနဲ့
ငိုငိုရီရီပြေးလွားနေတာ ငါတွေ့ဖူးခဲ့တဲ့ လဲ့ပြာမှ ဟုတ်ရဲ့လားဟာ................တကယ်တော့ နင်တို့နှစ်ယောက်
ဟာတစ်ယောက်နဲ့တစ်ယောက်အမုန်းကင်းစွာချစ်ခဲ့တာပဲလေ..နင်တို့နှစ်ယောက်ကြားမှာ အမုန်းဆိုတာ
မရှိပါဘူး..."မင်းညိုတစ်ယောက်တည်းရေရွှတ်လို့....အတွေးတွေထဲမှာ နာကျင်စရာပုံရိပ်တွေပြေးလွားနေရင်း..သက်ပြင်းရှိုတ်ချလိုက်မိပါတော့တယ်.................။

11 comments:
ပါးရှပ်ရှပ်လေး ခါးသက်သွားစေတဲ့ အလွမ်း
ကြင်နာခြင်းရဲ့ လမ်းပေါ်မှာ မောင် လို့ခေါ်လိုက်သံတွေ သမုဒယ လှိုင်းနဲ့ ဖြတ်ပိုင်းသွားတဲ့ ထိုတံတိုင်းခြေမှာ
ကျွန်တော်လည်း ငိုင်တွေ သွားခဲ့ရတယ် မောင်သစ္စာ...။
( ဘကြီးမှုန်)
ဖတ်ပြီး ရင်ထဲမကောင်းဘူး။
အရေးအသားတွေက ၀တ္တုဆုံးတဲ့ထိ ဆွဲခေါ်သွားနိုင်တယ် အစ်ကို။ အဆုံးသတ်က ရင်ကိုဆို့စေတယ်။
ဝတ္တုကောင်းလေး တပုဒ်ပါ :)
ဇာတ်ကိုနိုင်အောင် ရေးသွားနိုင်တယ်.. ၀တ္ထုရေးဆရာလို့တောင် သတ်မှတ်လို့ရတယ်နော် အရေးအသားတွေ ကောင်းလိုက်တာ
အင်းးးဘာမှပြောစရာမလိုအောင်ကိုကောင်းပါတယ်ခင်ဗျာ
အားပေးပါတယ်..ဆက်ရေးပါ...
တုန်းစတားပေးသွားပါတယ်...(* * * )
ရင်နှင့်စရာတွေ...ဒီလိုမျိုးအဖြစ်တွေနဲ့ ကင်းဝေးကြစေချင်ပါတယ် ..သူငယ်ချင်းရေ..အားပေးခံစားလျှက်..
ဝတ္တုကောင်းလေးမို့ သဘောကျစွာ ဖတ်သွားပါတယ်။
လေးစားစွာဖြင့်
မြတ်ပန်းနွယ်
ချမ်းမင်းရဲ့ နူးညံ့တဲ့ စကားလုံးလေးတွေနဲ့ ပြင်ပရုပ်သွင် ကိုက်ညီပါပေတယ်။ ဇာတ်လမ်းအိမ်လေး ကောင်းတယ်။ အရသာပျက်တယ်လို့ ပြောပြော ဝမ်းနည်းစရာ ဇာတ်သိမ်းမျိုးဆိုရင် စိတ်မကောင်းဖြစ်တတ်လို့ အဆုံးကို အရင်ဖတ်လေ့ရှိတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟာ.. ငါ့အကို ၀တ္တုတိုက တကယ်ကောင်းတယ်.. အားကျလိုက်တာ.. ဆက်ရေးပေတော့ အကိုရေ.. ကြည်ဖြူတော့ အတုယူရတော့မယ်.. ကြိုးစားထားအကို.. အမြဲအားပေးနေမယ်..
ဟ မထင်ရဘူးဟေ့ ၊ ရေးချက်ကလန်တယ်ကွာ ၊ ကောင်လေးနေရာရော ကောင်မလေးနေရာရော နှစ်ဖက်လုံးရေးသွားတာလေးက သိပ်မိုက်တာပဲ ...... ဇာတ်လမ်းဇာတ်ကွက်လေးက ရိုးရှင်းပေမယ့် အရေးအသားတွေက လက်ဖျားခါတယ် .... အဲဒါထက် အဲဒီအရေးအသားတွေရဲ့နောက်က ကိုသစ္စာရဲ့ ခံစားနှစ်ဝင်မှုက ကြောက်ခမန်းလိလိပဲဗျာ ... ၊ တကယ်ပဲ ရင်ထဲကို အဆုံးစွန်ထိထိတယ်
ကျွန်တော်မှာလည်းသူ့ လိုဘဲသိပ်ချစ်ရတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။သူ့ ကိုကျွန်တော်အရမ်းချစ်တယ်။ဒါပေမယ့် သူကကျွန်တော့် ကိုလာတောင်းမှယူမယ်လို့ ပြောတယ်။လာမတာင်းရင်လုံးယူဘူး။ကျွန်တော်တို့ ကဆင်းရဲတယ်လေ. ဒါပေမယ့် ဒီဇာတ်လမ်းလေးအတိုင်းဖြစ်ခဲ့ မယ်ဆိုရင်.့
Post a Comment